အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် မိုးကြိုးပစ်မှုများကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံး
Pika (NSS) - နိုဝင်ဘာ ၂၇
အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးကြိုးပစ်မှုကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံးခဲ့ ပြီး မိုးနှင့်ဆက်စပ်သောဖြစ်ရပ်များကြောင့် အခြားလူ(၂၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့သည်။
ထို့အပြင် ဂူဂျာရတ်ပြည်နယ်တွင် နိုဝင်ဘာလ(၂၇)ရက် နံနက်ပိုင်းအထိ မိုးဆက်လက်သည်းထန်စွာ ရွာသွန်းနေဆဲ ဖြစ်ကြောင်း သိရသည်။ ဂူဂျာရတ်ပြည်နယ်တွင် နိုဝင်ဘာလ(၂၆)ရက် နှင့် (၂၇)ရက်တို့က မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့်အတူ မိုးကြိုးမုန်တိုင်း နှင့် မိုးသီးမုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး ပြည်နယ်တွင်းရှိ အချို့နေရာများတွင် နိုဝင်ဘာလ(၂၇)ရက် နံနက်ပိုင်းအထိ ပြီးခဲ့သည့်(၂၄)နာရီအတွင်း မိုးရေချိန်(၁၄၄)မီလီမီတာအထိ ရွာသွန်းခဲ့ ကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းမှုများကြောင့် ဂူဂျာရတ်ပြည်နယ်တစ်ဝှမ်းတွင် နေအိမ်များပျက်စီးခဲ့ပြီး ကျွဲ၊ နွား ဆုံးရှုံးမှုများ လည်း ရှိခဲ့ကြောင်း သိရသည်။ ဂူဂျာရတ်ပြည်နယ် စိုက်ပျိုးရေးဝန်ကြီး Raghavij Patel က "မိုးသည်းထန်စွာ ရွာသွန်းမှုအတွင်း ပျက်စီးဆုံးရှုံးခဲ့တာတွေကို အကဲဖြတ်ဖို့အတွက် မကြာမီစစ်တမ်းကောက်ယူတော့မှာပါ။ စစ်တမ်း ရဲ့ရလဒ်အပေါ်အခြေခံပြီး လျော်ကြေးငွေတွေ ပေးဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
ထို့အပြင် နိုဝင်ဘာလ(၂၇)ရက်အထိ ဂူဂျာရတ်ပြည်နယ်၏ အစိတ်အပိုင်းများတွင် မိုးဆက်လက်သည်းထန်စွာ ရွာသွန်းနေမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန (IMD) က ခန့်မှန်းပြောခဲ့သည်။
ဂူဂျာရတ်ပြည်နယ်တွင် မိုးနှင့်ဆက်စပ်သောဖြစ်ရပ်များကြောင့် လူအသေအပျောက်များ မကြာခဏဖြစ်ပွားလေ့ရှိ ကြောင်း သိရသည်။ ၂ဝ၂ဝ ပြည့်နှစ် ဩဂုတ်လက ဂူဂျာရတ်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှု တို့ နှင့်ဆက်စပ်သော ဖြစ်ရပ်အမျိုးမျိုးကြောင့် နှစ်ရက်အတွင်း လူ(၁၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Bicycle kick သွင်းယူနိုင်ခဲ့သော ဂါနာချိုကို အသင်းကစားသမားဟောင်း ရွန်းနီ၊ စီရော်နယ်ဒိုတို့နှင့် မနှိုင်းယှဉ်သင့်ကြောင်း မန်ယူနည်းပြ ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ