ဒူးလေးပါတီ နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က UEC တွင် မှတ်ပုံတင်လျှောက်ထား
ရဲပြည့် (NP News) - မတ် ၉
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လာရောက်လျှောက်ထားခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ၏ အသိပေးထုတ်ပြန်ချက်အရ သိရသည်။
လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် ၂ဝ၁၃ ခုနှစ် ဩဂုတ်တွင် ပါတီတည်ထောင်ခွင့်မှတ်ပုံတင်ခဲ့ပြီး ဒီဇင်ဘာလတွင် ပါတီတည်ထောင်ခွင့်ရခဲ့သည့် ပါတီတစ်ခုဖြစ်သည်။ ပါတီဝင်အရေ အတွက် ၅ဝဝဝဝ ခန့်ရှိပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေး တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီတစ်ခုလည်း ဖြစ်သည်။
တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် တိုင်းလိုင် ခေါ် ရှမ်းနီလူမျိုးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တည်ထောင်ထားသည့် ပါတီတစ်ခုဖြစ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် မေလတွင် ပါတီအသစ် မှတ်ပုံတင်ရရှိခဲ့ကာ ပါတီဝင်အရေအတွက် ၃၅ဝဝ ကျော်ရှိကြောင်းသိရသည်။ ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကချင်ပြည်နယ်ရှိ မြို့နယ် ရှစ်မြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ လေးမြို့နယ် စုစုပေါင်း ၁၂ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီတစ်ခုလည်းဖြစ်သည်။
အဆိုပါ ပါတီများကို တည်ထောင်ခွင့်နှင့်မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများပြန်လည်မှတ်ပုံတင်ရန် ဥပဒေသစ်ထုတ်ပြန်ပြီးနောက်ပိုင်းမှစ၍ရက်ပေါင်း (၆ဝ)ပေးထားကာ လက်ရှိအချိန်တွင် (၃၆)ရက်ကုန်ဆုံးသွားပြီဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၈ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၃ အရ လျှောက် ထားသောပါတီ ၆ ပါတီရှိပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ လျှောက်ထားသောပါတီ ၁၃ ပါတီဖြစ်၍ စုစုပေါင်း ၁၉ ပါတီရှိပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
ဒူးေလးပါတီ ႏွင့္ တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔က UEC တြင္ မွတ္ပုံတင္ေလွ်ာက္ထား
ရဲျပည့္ (NP News) - မတ္ ၉
လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)ႏွင့္ တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီတို႔က ဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္ကို လာေရာက္ေလွ်ာက္ထားခဲ့ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC) ၏ အသိေပးထုတ္ျပန္ခ်က္အရ သိရသည္။
လီဆူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ(ဒူးေလးပါတီ)သည္ ၂ဝ၁၃ ခုႏွစ္ ဩဂုတ္တြင္ ပါတီတည္ေထာင္ခြင့္မွတ္ပုံတင္ခဲ့ၿပီး ဒီဇင္ဘာလတြင္ ပါတီတည္ေထာင္ခြင့္ရခဲ့သည့္ ပါတီတစ္ခုျဖစ္သည္။ ပါတီဝင္အေရ အတြက္ ၅ဝဝဝဝ ခန႔္ရွိၿပီး ၂ဝ၁၅ အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ မႏၲေလး တိုင္းေဒသႀကီးႏွင့္ ကယားျပည္နယ္တို႔ရွိ မဲဆႏၵနယ္မ်ားမွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ပါတီတစ္ခုလည္း ျဖစ္သည္။
တိုင္းလိုင္(ရွမ္းနီ)အမ်ိဳးသားမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီသည္ တိုင္းလိုင္ ေခၚ ရွမ္းနီလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ တည္ေထာင္ထားသည့္ ပါတီတစ္ခုျဖစ္ခဲ့ၿပီး ၂ဝ၁၅ ခုႏွစ္ ေမလတြင္ ပါတီအသစ္ မွတ္ပုံတင္ရရွိခဲ့ကာ ပါတီဝင္အေရအတြက္ ၃၅ဝဝ ေက်ာ္ရွိေၾကာင္းသိရသည္။ ၂ဝ၁၅ အေထြေထြေ႐ြး ေကာက္ပြဲတြင္ ကခ်င္ျပည္နယ္ရွိ ၿမိဳ႕နယ္ ရွစ္ၿမိဳ႕နယ္ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ေလးၿမိဳ႕နယ္ စုစုေပါင္း ၁၂ ၿမိဳ႕နယ္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ပါတီတစ္ခုလည္းျဖစ္သည္။
အဆိုပါ ပါတီမ်ားကို တည္ေထာင္ခြင့္ႏွင့္မွတ္ပုံတင္ခြင့္ျပဳႏိုင္ေရး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ဆက္လက္စိစစ္ေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီမ်ားျပန္လည္မွတ္ပုံတင္ရန္ ဥပေဒသစ္ထုတ္ျပန္ၿပီးေနာက္ပိုင္းမွစ၍ရက္ေပါင္း (၆ဝ)ေပးထားကာ လက္ရွိအခ်ိန္တြင္ (၃၆)ရက္ကုန္ဆုံးသြားၿပီျဖစ္သည္။
ေဖေဖာ္ဝါရီလ ၁ ရက္မွ မတ္လ ၈ ရက္အထိ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၃ အရ ေလွ်ာက္ ထားေသာပါတီ ၆ ပါတီရွိၿပီး ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းဥပေဒပုဒ္မ ၂၅ အရ ေလွ်ာက္ထားေသာပါတီ ၁၃ ပါတီျဖစ္၍ စုစုေပါင္း ၁၉ ပါတီရွိၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သံမဏိစက်ရုံ (ပင်းပက်)ကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် နိုင်ငံတော်တွင် နစ်နာမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ