သံမဏိစက်ရုံ (ပင်းပက်)ကို ရပ်ဆိုင်းခဲ့ခြင်းကြောင့် နိုင်ငံတော်တွင် နစ်နာမှုများရှိခဲ့ဟု နစကဥက္ကဋ္ဌဆို
ယွန်း (NP News) - မတ် ၉
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)ကို မဟာဗျူဟာအမြော်အမြင်မရှိဘဲ ရပ်ဆိုင်းခဲ့ခြင်းကြောင့် နိုင်ငံတော်တွင် နစ်နာမှုများရှိခဲ့ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ(၈)ရက်တွင် တောင်ကြီးမြို့ရှိ ပင်းပက်ဒေသ ပင်ငိုကျေးရွာအနီးရှိ သံမဏိစက်ရုံ(ပင်းပက်)သို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂ဝဝ၆ ခုနှစ်၊ စက်တင်ဘာလ(၅)ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်တွင် စက်မှုဝန်ကြီးဌာနသို့ လွှဲပြောင်း၍ ဆက်လက်အ ကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများအား ၂ဝ၁၇ ခုနှစ်၊ မတ်လ(၁၅)ရက်တွင် ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
အဆိုပါ သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းသည် ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှ အကောင်အထည်ဖော်ခဲ့ရခြင်းဖြစ်ပြီး ၂ဝ၁၇ ခုနှစ်တွင် စီမံကိန်းအား နားလည်မှုနှင့် မဟာဗျူဟာအမြော် အမြင်မရှိဘဲ ရပ်ဆိုင်ခဲ့ခြင်းကြောင့် နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
ထို့ကြောင့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ(၄)ရက်တွင် စီမံကိန်းလုပ်ငန်းများကို ပြန်လည်စတင်ခဲ့ပြီး လက်ရှိအချိန်ထိ အလုပ်ရုံ(၂၂)ရုံအနက် (၁၉)ရုံကို ဝန်မပါစမ်းသပ်လည်ပတ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
နိုင်ငံတည်ဆောက်ရေးအတွက် သံမဏိသည် မဖြစ်မနေလိုအပ်ပြီး ပြည်တွင်းလိုအပ်ချက်အရ သံမဏိထုတ်လုပ်ရေး စီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်ရန်လိုအပ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
ထို့သို့ အခြေခံလိုအပ်သည့် သံနှင့် သံမဏိထုတ်လုပ်ရေးကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့် ပြည်ပသွင်း ကုန်အဖြစ် တင်သွင်းရန်မလိုဘဲ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်များကို ဖန်တီးပေးနိုင်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။
zawgyi version
သံမဏိစက္႐ုံ (ပင္းပက္)ကို ရပ္ဆိုင္းခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္တြင္ နစ္နာမႈမ်ားရွိခဲ့ဟု နစကဥကၠ႒ဆို
ယြန္း (NP News) - မတ္ ၉
အမွတ္(၂) သံမဏိစက္႐ုံ (ပင္းပက္)ကို မဟာဗ်ဴဟာအေျမာ္အျမင္မရွိဘဲ ရပ္ဆိုင္းခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္တြင္ နစ္နာမႈမ်ားရွိခဲ့ေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ(၈)ရက္တြင္ ေတာင္ႀကီးၿမိဳ႕ရွိ ပင္းပက္ေဒသ ပင္ငိုေက်း႐ြာအနီးရွိ သံမဏိစက္႐ုံ(ပင္းပက္)သို႔ သြားေရာက္ၾကည့္ရႈစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ သည္။
အဆိုပါ အမွတ္(၂)သံမဏိစက္႐ုံ(ပင္းပက္)စီမံကိန္းကို ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ Tyazhpromexport (TPE) ႏွင့္ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္းတို႔ပူးေပါင္း၍ ၂ဝဝ၆ ခုႏွစ္၊ စက္တင္ဘာလ(၅)ရက္တြင္ စတင္အေကာင္အထည္ေဖာ္ခဲ့ျခင္းျဖစ္သည္။
ထို႔ေနာက္ ၂ဝ၁၂ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္တြင္ စက္မႈဝန္ႀကီးဌာနသို႔ လႊဲေျပာင္း၍ ဆက္လက္အ ေကာင္အထည္ေဖာ္ခဲ့ၿပီး စီမံကိန္းလုပ္ငန္းမ်ားအား ၂ဝ၁၇ ခုႏွစ္၊ မတ္လ(၁၅)ရက္တြင္ ယာယီရပ္ဆိုင္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ သံမဏိစက္႐ုံ(ပင္းပက္)စီမံကိန္းသည္ ေငြေၾကးအခက္အခဲ၊ နည္းပညာအခက္အခဲမ်ားၾကားမွ အေကာင္အထည္ေဖာ္ခဲ့ရျခင္းျဖစ္ၿပီး ၂ဝ၁၇ ခုႏွစ္တြင္ စီမံကိန္းအား နားလည္မႈႏွင့္ မဟာဗ်ဴဟာအေျမာ္ အျမင္မရွိဘဲ ရပ္ဆိုင္ခဲ့ျခင္းေၾကာင့္ ႏိုင္ငံေတာ္အတြက္ မ်ားစြာနစ္နာခဲ့ေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။
ထို႔ေၾကာင့္ ၂ဝ၂၁ ခုႏွစ္၊ ေအာက္တိုဘာလ(၄)ရက္တြင္ စီမံကိန္းလုပ္ငန္းမ်ားကို ျပန္လည္စတင္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ အလုပ္႐ုံ(၂၂)႐ုံအနက္ (၁၉)႐ုံကို ဝန္မပါစမ္းသပ္လည္ပတ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
ႏိုင္ငံတည္ေဆာက္ေရးအတြက္ သံမဏိသည္ မျဖစ္မေနလိုအပ္ၿပီး ျပည္တြင္းလိုအပ္ခ်က္အရ သံမဏိထုတ္လုပ္ေရး စီမံကိန္းကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ရန္လိုအပ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။
ထို႔သို႔ အေျခခံလိုအပ္သည့္ သံႏွင့္ သံမဏိထုတ္လုပ္ေရးကို အေကာင္အထည္ေဖာ္ႏိုင္ျခင္းျဖင့္ ျပည္ပသြင္း ကုန္အျဖစ္ တင္သြင္းရန္မလိုဘဲ ျပည္တြင္းလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္မည္ျဖစ္ၿပီး အလုပ္အကိုင္မ်ားကို ဖန္တီးေပးႏိုင္ျဖစ္ေၾကာင္းလည္း ၎က ဆက္လက္ေျပာၾကားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လော့အိန်ဂျလိစ်မှာ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုဖြစ်ပွား၊ သံသယရှိသူသေဆုံး၊ K-9 အရာရှိ ၃ ဦး ဒဏ်ရာရ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း