လော့အိန်ဂျလိစ်မှာ ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုဖြစ်ပွား၊ သံသယရှိသူသေဆုံး၊ K-9 အရာရှိ ၃ ဦး ဒဏ်ရာရ
ရောင်နီ (NP News) - မတ် ၉
လော့စ်အိန်ဂျလိစ်မှာ မတ်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သေနတ်ကိုင် သံသယရှိသူတစ်ဦးရဲ့ တိုက်ခိုက်မှု ကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုများအကြား နာရီပိုင်းအကြာမှာ K - 9 ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရပြီး၊ သံသယရှိသူ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အကြီးတန်းအရာရှိများနဲ့ လော့စ်အိန်ဂျလိစ်ရဲဌာနရဲ့ K-9 ယူနစ်မှ အဖွဲ့ဝင်များဟာ မြို့လယ်အနီး၊ Lincoln Heights ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုအပြီးမှာ အရာရှိ ၃ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံတင်ထားရပေမယ့် အခြေအနေ စိုးရိမ်စရာ မလိုကြောင်း သိရပါတယ်။
မြို့တော်ဝန် ကာရန်းဘက်စ်က ဆေးရုံမှာ ဒဏ်ရာရရှိသူ ရဲတပ်ဖွဲ့ဝင်တို့နဲ့ တွေ့ဆုံစကားပြောဆိုခဲ့ပြီး “သူတို့ အမြန် ပြန်ကောင်းလာဖို့ ဆုတောင်းပါတယ်။ သူတို့မိသားစုတွေနဲ့ ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်" လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားချိန် ညနေ ၄ နာရီခန့်က အရာရှိများဟာ သံသယရှိသူကို လမ်းပိတ်ကာ လက်နက်ချဖို့ အမိန့်ပေးခဲ့ပေမယ့် အမိန့်ကို မနာခံခဲ့ဘူးလို့ ဌာနက ပြောပါတယ်။ အဲဒီနောက် K-9 အရာရှိများကို အကူအညီပေးဖို့အတွက် ဖိတ်ခေါ်ခဲ့ပြီး ရဲအရာရှိများက အဆိုပါအမျိုးသားကို လက်နက်ချဖို့ တွန်းအားပေးခဲ့ပေမယ့် ကံမကောင်းစွာဘဲ၊ အဲဒီသံသယရှိသူက အရာရှိတွေကိုပစ်ခတ်ပြီး တုံ့ပြန်ခဲ့ပါတယ်လို့ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ Cmdr မှ ပြောရေးဆိုခွင့်ရှိသူ စတေစီစပဲလ် က ပြောကြားပါတယ်။
ယင်းအချိန်မှာ ရဲဌာနက မြို့တွင်း နည်းဗျူဟာသတိပေးချက် ထုတ်ပြန်ထားပြီး လိုအပ်ပါက မြို့တွင်းရှိ အရာရှိများ အခင်းဖြစ်ပွားရာနေရာသို့ တုံ့ပြန်ဖို့ အသင့်ရှိနေခဲ့ကြောင်း ဆိုပါတယ်။ ည ၉ နာရီမထိုးခင်မှာ သံသယရှိသူ အခင်း ဖြစ်နေရာမှာ သေဆုံးသွားပြီးနောက် အခြေအနေပြီးဆုံးသွားကြောင်း အရာရှိများက ပြောကြားပါတယ်။ သံသယရှိ သူ သေဆုံးခြင်းဟာ ရဲက ပစ်သတ်တာလား ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေတာလားဆိုတာ ချက်ချင်း မသိရသေးပါဘူး။
"ကျွန်တော်တို့ သူ့ကိုလက်နက်ချပြီး ငြိမ်းချမ်စွာ ဖြေရှင်းဖို့ နားချခဲ့ပေမယ့် ကံမကောင်းစွာပဲ ဒီလူရဲ့အပြုအမူက ဆန့်ကျင်ဘက် ဖြစ်ခဲ့တယ်။ တော်တော်ကို သေစေနိုင်တဲ့အခြေအနေပါ" လို့ လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့ လက်ထောက်အကြီးအကဲ အယ်လ်လာဘရာဒါ က ပြောကြားခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မက္ကဆီကိုနိုင်ငံမှာ စွန့်ပစ်ထားတဲ့ ထရပ်ကားနောက်တွဲအတွင်း ဂွာတီမာလာမှ အရွယ်မရောက်သေးတဲ့ ကလေး ၁ဝဝ ကျော်ထိ တွေ့ရှိရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ