Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်ကိုရီးယား၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိများ ရာထူးမှ နှုတ်ထွက်

Pika (NSS) - နိုဝင်ဘာ ၂၇ 

တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်သည် နိုဝင်ဘာလ(၂၆)ရက်တွင် ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲနှင့် ၎င်း၏ လက်ထောက်နှစ်ဦးတို့၏ ရာထူးမှ နှုတ်ထွက်စာကို လက်ခံခဲ့ကြောင်း ယွန်ဆက်ယိုလ်၏ ရုံးက ပြောကြားခဲ့သည်။

သို့သော်လည်း ထောက်လှမ်းရေးအကြီးအကဲနှင့် ၎င်း၏ လက်ထောက်နှစ်ဦး ရာထူးမှ နှုတ်ထွက်ရခြင်းအကြောင်းအရင်းများကို ယွန်ဆက်ယိုလ်၏ ရုံးက အသေးစိတ်ဖော်ပြပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

အမျိုးသားထောက်လှမ်းရေးဌာန(NIS) တွင် ယခင်က ဝန်ထမ်းများ အပြောင်းအလဲလုပ်စဉ်အချိန်အတွင်း ပြဿနာ များရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ဝါရင့်သံတမန် Kim Kyou-hyun သည် ယွန်ဆက်ယိုလ် သမ္မတ ရာထူးကို စတင်ရယူခဲ့သည့် ၂ဝ၂၂ ခုနှစ် မေလကတည်းက NIS ဌာနကို ကြီးကြပ်ခဲ့ကြောင်းလည်း သိရသည်။ 


ထို့အပြင် ယွန်ဆက်ယိုလ်သည် လစ်ဟာသွားသော လက်ထောက်နေရာ ရာထူးများအတွက် NIS ဌာနမှ အကြီးတန်း အရာရှိနှစ်ဦးကို ချက်ချင်းလွှဲပြောင်းခန့်အပ်ခဲ့ကြောင်း သိရသည်။ ယွန်ဆက်ယိုလ်သည် နောက်ထပ် ဒါရိုက်တာ ရာထူးကို အမည်စာရင်းတင်သွင်းခြင်းမျိုးမရှိသေးသော်လည်း အဆိုပါအချက်မှာ လွှတ်တော်၏ အတည်ပြကြားနာ မှုအပေါ် မူတည်ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်၏ ရုံးက "Kim Kyou-hyun ဟာ အစိုးရအပြောင်းအလဲကာလအတွင်းမှာ NIS ဌာနကို နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေးထောက်လှမ်းရေးအေဂျင်စီဖြစ်လာစေဖို့နဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအေဂျင်စီ တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့စနစ်တစ်ခုတည်ဆောက်ဖို့ လုပ်ဆောင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။

အဆိုပါနှုတ်ထွက်စာများသည် ယခုနှစ်ဇွန်လတည်းက  အမျိုးသားထောက်လှမ်းရေးဌာန(NIS) တွင် ဖြစ်ပွားခဲ့သော ဝန်ထမ်းစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ နှင့် ဆက်စပ်နေပုံပေါ်ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်အစီအစဉ်များကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေပြီး ပြီးခဲ့သည့်သီတင်းပတ် အစောပိုင်းတွင် ၎င်း၏ ပထမဆုံး စစ်ဘက်သုံးစပိုင်ဂြိုလ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီးနောက် တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာနတွင် ယခုကဲ့သို့ အပြောင်းအလဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်၌ ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ဘုရားဖူးပြည်သူများ ပြန်လည်စည်ကားလာ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved