ဩစတြေးလျက ၂ဝ၃ဝ ခုနှစ်များမှာ အမေရိကန်ထံမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောငါးခုအထိ ဝယ်ယူဖို့ ရည်မှန်းထား
ရောင်နီ (NP News) - မတ် ၉
ဩစတြေးလျဟာ အမေရိကန်၊ ဗြိတိန်နဲ့ အထင်ကရ ပစိဖိတ်လုံခြုံရေးသဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝ၃ဝ ခုနှစ်များမှာ အမေရိကန် ဗာဂျီးနီးယား နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောငါးစင်းကို ဝယ်ယူမယ်လို့ ရည်မှန်းထားကြောင်း အမေရိကန်အရာရှိလေးဦးရဲ့ပြောကြားချက်အရ သိရပါတယ်။
AUKUS လို့ ခေါ်တဲ့ အဆိုပါသဘောတူညီချက်အရ လာမယ့်နှစ်များအတွင်း အနည်းဆုံး အမေရိကန် ရေငုပ်သင်္ဘောတစ်စင်း သြစတြေးလျဆိပ်ကမ်းများသို့ ရောက်ရှိမှာဖြစ်ပြီး ယင်းဟာ ၂ဝ၃ဝ ခုနှစ်နှောင်းပိုင်းမှာ ဗြိတိန် ဒီဇိုင်း၊ အမေရိကန်နည်းပညာများနဲ့ တည်ဆောက်မယ့် ရေငုပ်သင်္ဘော အမျိုးအစားသစ် ဖြစ်မှာဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။
သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်ဆီက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနာတို့ကို လာမယ့် တနင်္လာနေ့မှာ ဆန်ဒီယေဂိုမှာ တွေ့ဆုံမှာဖြစ်ပြီး AUKUS ရဲ့ နောက်ထပ်ခြေလှမ်းများကို ထုတ်ဖော်ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပစိဖိတ်လုံခြုံရေးသဘောတူညီချက်ကို ၂ဝ၂၁ ခုနှစ် စက်တင်ဘာလက ပထမဆုံး ကြေညာခဲ့ပြီး ၎င်းဟာ အသံထက်မြန်သောဒုံးပျံများ၊ ဉာဏ်ရည်တုနဲ့ ဆိုက်ဘာစစ်ပွဲများမှာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ ၂ဝ၃ဝ ခုနှစ်များ အစောပိုင်းမှာ သြစတြေးလျဟာ Virginia-class ရေငုပ်သင်္ဘောသုံးစင်းကို ဝယ်ယူမှာဖြစ်ပြီး၊ အဆိုပါ နျူကလီးယားရေငုပ်သင်္ဘောများဟာ သာမန်ရေငုပ်သင်္ဘောများထက် ပိုမိုကြာရှည်စွာ ရေထဲမှာ နေနိုင်ပြီး ရှာဖွေတွေ့ရှိဖို့လည်း ခက်ခဲမယ်လို့ သိရပါတယ်။
သြစတြေးလျဟာ လက်ရှိ သမရိုးကျ စွမ်းအင်သုံး Collins အတန်းအစား ရေငုပ်သင်္ဘော ခြောက်စီးနဲ့ တာဝန်ထမ်းဆောင်နေပြီး ၎င်းတို့ရဲ့ဝန်ဆောင်မှုသက်တမ်းကိုလည်း ၂ဝ၃၆ ခုနှစ်အထိ သက်တမ်းတိုးမယ်လို့ သိရပါတယ်။
မည်သို့ပင်ဖြစ်စေ AUKUS ရဲ့ကြေညာချက်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ နျူကလီးယားလက်နက်ပြိုင်ဆိုင်မှုကို တောက်လောင်စေမယ့် အင်ဒိုနီးရှားနဲ့ မလေးရှား အပါအဝင် ဩစတြေးလျရဲ့ ဒေသတွင်း မဟာမိတ်အချို့ကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေခဲ့ပါတယ်။
သို့ပေမယ့် သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်ခ်ျမာလက်စ် က “ရှင်းပါတယ်၊ ဒီရေငုပ်သင်္ဘောတွေဟာ စစ်ပွဲမှာ ပါဝင်နိုင်တဲ့ စွမ်းရည်ရှိမှာ ဖြစ်ပေမယ့် ဒီစွမ်းရည်ရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကတော့ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးဖို့ပါပဲ” လို့ ဖြေရှင်းပြောကြားခဲ့ပါတယ်။
အကယ်၍ သြစတြေးလျက ရေငုပ်သင်္ဘောများကို အမေရိကန်မှ ဝယ်မယ်ဆိုပါက ၎င်းဟာ ၁၉၆ဝ ခုနှစ်များနောက်ပိုင်း အမေရိကန်မှ တီထွင်ထားတဲ့ နျူကလီးယားရေငုပ်သင်္ဘောများအတွက် ပထမဆုံးအကြိမ် တင်ပို့ရောင်းချမှုဖြစ်လာမှာပဲဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒူးလေးပါတီ နှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က UEC တွင် မှတ်ပုံတင်လျှောက်ထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ