အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေးကို ထပ်မံသက်တမ်းတိုးဖို့ အမေရိကန်အစိုးရ မျှော်လင့်နေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
အမေရိကန်အစိုးရက ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးရေးဟာ ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟားမက်စ်အဖွဲ့နဲ့နီးစပ်သူတစ်ဦးက ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနဲ့ ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေးကို နောက်ထပ် ၂ ရက်ကနေ ၄ ရက်အတွင်း သက်တမ်းတိုးဖို့ စိတ်ဝင်စားနေကြောင်း ပြောပါတယ်။
အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီအကြံပေးဖြစ်သူ ဂျိတ်ဆူလီဗန်က "အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်ကြားရရှိထားတဲ့ ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေးသက်တမ်းဟာ နောက်ထပ်တစ်ရက်၊ နှစ်ရက်၊ သုံးရက် ဒါမှမဟုတ် အမြဲတမ်းလည်း ဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကလည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့နဲ့ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးမှုကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စရေးဝန်ကြီးချုပ်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း ယာယီအပစ်ခတ်ရပ်စဲရေးသက်တမ်းတိုးဖို့ ဆွေးနွေးခဲ့ကြောင်း ဆိုပါတယ်။
ကာတာနိုင်ငံ နဲ့ အီဂျစ်နိုင်ငံတို့ကြားဝင်စေ့စပ်ပေးမှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ကြားလေးရက်ကြာ အပစ်ခတ်ရပ်စဲထားဖို့ သဘောတူညီခဲ့ပြီး အဲဒီသက်တမ်းကာလအတွင်း ဖမ်းဆီးထားသူတွေကို အပြန်အလှန်ပြန်လွှတ်ပေးဖို့နဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့ခွင့်ပြုရမှာဖြစ်ကြောင်း သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့မှာ စတင်ခဲ့တဲ့ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိခဲ့တဲ့ယာယီအပစ်ခတ်ရပ်စဲရေးကြောင့် သုံးရက်အတွင်း ပါလက်စတိုင်းအကျဉ်းသား ၁၁၇ ဦး၊ ဟားမက်စ်အဖွဲ့ပြန်ပေးဆွဲထားသူ ၃၉ ဦး ပြန်လွှတ်မြောက်လာခဲ့ကြောင်း သိရပါတယ်။
အစ္စရေးအစိုးရဟာ တစ်ရက်ကို ပြန်ပေးဆွဲခံထားရသူအနည်းဆုံး ၁ဝ ဦး ပြန်လွှတ်ပေးနိုင်အောင် နောက်ထပ် အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီရန်အမျိုးသမီးဖိုက်တာကို အနိုင်ယူပြီး ထိုင်းမွေထိုင်းပြိုင်ပွဲမှာ ၁၅ ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့သူ ဘရော်နီကာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ