စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်သည့် ဝါးများကို သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနေ
ယွန်း (NSS) - နိုဝင်ဘာ ၂၇
စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်သည့် ကြီးမြန်သစ်မျိုး နှင့် ဝါးမျိုးများကို သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနေကြောင်း သိရသည်။
သယံဇာတနှင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက နိုဝင်ဘာလ(၂၆)ရက်တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ United Paper စက္ကူစက်ရုံသို့ သွားရောက်ကြည့်ရှုစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ စက္ကူပျော့ဖတ်ထုတ်လုပ်ရန် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည့် ကြီးမြန်သစ်မျိုးနှင့် ဝါးမျိုးများစွာရှိပြီး သဘာဝတောများမှ နှစ်စဥ်ဝါးအလုံးရေ (၃၀၁)သန်း ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။
အဆိုပါ ထုတ်လုပ်နိုင်မှုသည် ဝါးစက္ကူပျော့ဖတ်စက်ရုံများအတွက် လိုအပ်သောကုန်ကြမ်းကို ပံ့ပိုးပေးနိုင်ပြီး ရေရှည်ကုန်ကြမ်းများရရှိစေရေးအတွက် ဝါးစိုက်ခင်းများနှင့် ကြီးမြန်သစ်မျိုးစိုက်ခင်းများ တည် ထောင်နိုင်ရေးကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ပြည်တွင်း၌ စက္ကူလိုအပ်ချက်များစွာရှိပြီး စက္ကူထုတ်လုပ်ရန်လိုအပ်သည့် ကုန်ကြမ်းကို သစ်၊ ဝါး၊ ကောက်ရိုး၊ ငှက်ပျောများကို အသုံးပြုခြင်း၊ စွန့်ပစ်စက္ကူများကို Recycle နည်းဖြင့် ပြန်လည်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်တွင်း၌ အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ပြန်လည်လည်ပတ်ခဲ့ပြီး စွမ်းအားပြည့်လည်ပတ်နိုင်ပါက သတင်းစာစက္ကူအပြင် အခြားစက္ကူအမျိုးအစားများကိုလည်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ယခင်က စက္ကူထုတ်လုပ်မှုကို စစ်တောင်းစက္ကူစက်ရုံ၊ ရေနီစက္ကူစက်ရုံ နှင့် သာပေါင်းစက္ကူစက်ရုံတို့တွင် ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းကာလတွင် စစ်တောင်းစက္ကူစက်ရုံအား သက်တမ်းကြာမြင့်ပြီဖြစ်သည့် အတွက် ဖျက်သိမ်းထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှု တတိယမြောက်နေ့အဖြစ် ပါလက်စတိုင်းနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ ဖမ်းဆီးထားသူများကို အပြန်အလှန် ပြန်လွှတ်ပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ