ယာယီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှု တတိယမြောက်နေ့အဖြစ် ပါလက်စတိုင်းနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့တို့ ဖမ်းဆီးထားသူများကို အပြန်အလှန် ပြန်လွှတ်ပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲရေး တတိယမြောက်နေ့အဖြစ် ဖမ်းဆီးထားသူများကို အပြန်အလှန် ပြန်လွှတ်ပေးနေရာဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများအနက်မှ အနည်းဆုံး လူပေါင်း ၁၇ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
အစ္စရေးအစိုးရကလည်း အကျဉ်းထောင်တွေရှိ ပါလက်စတိုင်းအကျဉ်းသား ၃၉ ဦးကို နိုဝင်ဘာ ၂၆ ရက်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ အစ္စရေးနိုင်ငံသား ၁၃ ဦး၊ ထိုင်း နိုင်ငံသား သုံးဦး နဲ့ ရုရှားနိုင်ငံသားတစ်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ၎င်းတို့အနေနဲ့ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းအကျဉ်းသားများ ပိုမိုလွှတ်မြောက်စေဖို့ ယာယီအပစ်ခတ်ရပ်စဲရေးကို သက်တမ်းတိုးလိုကြောင်း ပြောပါတယ်။
အမေရိကန်သမ္မက ဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးပြီးချိန်အထိ တိုက်ခိုက်မှုတွေကို ရပ်နားထားဖို့လိုလား ကြောင်း ပြောပါတယ်။ ဟားမက်စ်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးခဲ့သူတွေထဲမှာ အသက် ၄ နှစ်အရွယ်ရှိ အမေရိကန်ကလေးငယ်တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါကလေးငယ်ဟာ ဟားမက်စ်အဖွဲ့က ပြန်ပေးဆွဲမှုလုပ်ဆောင်ချိန်အတွင်း မိခင်နဲ့ ဖခင်ဖြစ်သူ သတ်ဖြတ်ခြင်း ခံရတာကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ပြန်လွှတ်မြောက်စေဖို့ ရည်ရွယ်ချက်နဲ့ ၄ ရက်ကြာ ယာယီအပစ်ခတ် ရပ်စဲရေးရယူဖို့ သဘာတူညီခဲ့ပြီး နိုဝင်ဘာလ ၂၄ ရက်မှာ အပစ်ခတ်ရပ်စဲရေး စတင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ယာယီအပစ်ခတ်ရပ်စဲရေးသက်တမ်းကာလအတွင်း အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား အနည်းဆုံး ၁၅ဝ နဲ့ ဟားမက်စ်က ပြန်ပေးဆွဲထားသူ ၂၄ဝ ထဲမှ အနည်းဆုံး ၅ဝ ပြန်လွှတ်ပေးရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံသားပိုင်ဆိုင်တဲ့ သင်္ဘောပြန်လွတ်မြောက်အောင် အမေရိကန်ရေတပ် ကယ်တင်ပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း