အစ္စရေးနိုင်ငံသားပိုင်ဆိုင်တဲ့ သင်္ဘောပြန်လွတ်မြောက်အောင် အမေရိကန်ရေတပ် ကယ်တင်ပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
အမေရိကန်ရေတပ်တပ်ဖွဲ့ဟာ အေဒင်ကမ်းရိုးတန်းအလွန်မှာ ဖမ်းဆီးခံရတဲ့ ရေနံတင်သင်္ဘောနဲ့ သင်္ဘောသားတွေ ကို ပြန်ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အေဒင်ပင်လယ်ကွေ့ နားမှာ M/V Central Park အမည်ရှိ သင်္ဘောဟာ အမည်မသိသေနတ်သမားအုပ်စုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အမေရိကန်ရေတပ်က ပြောပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက "နိုဝင်ဘာ ၂၆ ရက်က အေဒင်ပင်လွယ်ကွေ့မှာ သင်္ဘောတစ်စီးကို အမည်မသိသေနတ်သမား အုပ်စုက ဖမ်းဆီခဲ့တယ်။ အမေရိကန်ရေတပ်ဟာ အခြေအနေတွေကို စေ့စပ်ဆွေးနွေးခဲ့တယ်။ သင်္ဘောသားတွေကို ဘေးကင်းစွာနဲ့ ပြန်လည်ခေါ်ယူနိုင်ခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါသင်္ဘောဟာ ဗြိတိန်အခြေစိုက် အစ္စရေးကုမ္ပဏီနဲ့ဆက်နွယ်တဲ့သင်္ဘောဖြစ်ကြောင်း ဆိုပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးက "သင်္ဘောသားတွေ ဘေးကင်းအောင်လုပ်ဆောင်နိုင်ခဲ့ တယ်" လို့ ပြောပါတယ်။
အဲဒီသင်္ဘောပေါ်မှာ ရုရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျော်ဂျီယာ၊ ဖိလစ်ပိုင် နဲ့ တူရကီနိုင်ငံသားတွေ ပါဝင်ခဲ့ကြောင်း ရေကြောင်းလုံခြုံရေးအဖွဲ့အစည်းဖြစ်တဲ့ Ambrey က ပြောပါတယ်။ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ အစ္စရေး နဲ့ အစ္စရေးနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့သင်္ဘောတွေ၊ကို တိုက်ခိုက်ဖမ်းဆီးတာမျိုး လုပ်ဆောင်သွား မယ်လို့ မကြာသေးမီက ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
Ambrey အဖွဲ့က စစ်ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့သူနှစ်ဦး အပါအဝင် သေနတ်ကိုင်ဆောင်ထားတဲ့ လူပေါင်း ၈ ဦးဟာ သင်္ဘောအနီးကို ချဉ်းကပ်ဖမ်းဆီးခဲ့တာမျိုးဖြစ်ကြောင်း ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကင်းလှည့်နေချိန်အတွင်း အစ္စရေးရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ကုလသမဂ္ဂငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ UNIFIL အဖွဲ့ဆို
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း