ယူကရိန်းစစ်ပွဲက ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပင်တဂွန်အကြံပေးဟောင်း ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၂၇
ယူကရိန်းနှင့် ၎င်း၏ အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများသည် ရုရှားနှင့် ပဋိပက္ခတွင် ရှုံးနေပြီဖြစ် ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်အကြံပေးဟောင်း ဒေါက်ကလပ်စ်မက်ဂရီဂေါက ပြောကြားခဲ့သည်။
ထို့အပြင် ရုရှားနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်ဆုံးလုပ်ဆောင်ရန် အမေရိကန်နှင့် ယူကရိန်းတို့ကို မက်ဂရီဂေါက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယူကရိန်း ကို အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ(၁ဝ၅)ဘီလျံ အသုံးစရိတ်ဥပဒေမူကြမ်းကို လွှတ်တော်ထံ တင်ပြခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပြီးနောက် ယူကရိန်းအတွက် ပင်တဂွန်၏ ရန်ပုံငွေများ လျော့နည်းသွား ချိန်တွင် မက်ဂရီဂေါ၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။
မက်ဂရီဂေါက "အမေရိကန်နိုင်ငံဟာ ကျွန်တော်တို့ရဲ့စစ်ပွဲအတွက် သိုလှောင်မှုတွေ၊ လက်နက်စနစ်တွေနဲ့ ခဲယမ်း မီးကျည်တွေအားလုံးနီးပါးကို ယူကရိန်းသို့ ပေးပို့ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲက ရှုံးနိမ့်သွားပါပြီ။ ငြိမ်းချမ်းရေးရယူဖို့ အချိန်တန်ပါပြီ" ဟု ပြောခဲ့သည်။
အမေရိကန်နိုင်ငံသည် အစ္စရေးနှင့် ယူကရိန်းတို့ကို ကူညီထောက်ပံ့ပေးမှုများ လုပ်ဆောင်ရာတွင် ဟန်ချက်ညီ အောင်ကြိုးပမ်းနေရသောကြောင့် ယူကရိန်းသို့ အမေရိကန်၏ အမြောက်ကျည်ပေးပို့မှုများမှာ (၃ဝ)ရာခိုင်နှုန်း ကျော် လျော့နည်းသွားခဲ့ကြောင်း ABC သတင်းဌာနက ပြီးခဲ့သည့်ရက်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းသို့ (၁၅၅)မီလီမီတာ အမြောက်ကျည်များ ထောက်ပံ့ပေးမှုမှာ ပြတ်တောက်မှုများရှိလာသည်ကို သတိပြု မိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ ထို့အပြင် ခဲယမ်းမီးကျည်များ မရရှိခြင်းကြောင့် ယူကရိန်း သည် ကြီးမားသောပြဿနာများကို ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောကြားခဲ့ သည်၊၊
လက်ရှိ လမ်းကြောင်းအတိုင်းဆက်သွားမည်ဆိုပါက ယူကရိန်းတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ၎င်းတို့၏ နေရာအချို့ကို ဆုံးရှုံးသွားနိုင်ကြောင်း ယူကရိန်းအမှုထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ရုရှားက ယူကရိန်း ကို ကျူးကျော် တိုက်ခိုက်သည့် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး အမေရိကန်သည် ယူကရိန်းသို့ စစ်ရေးအကူ အညီများပေးပို့ရန်အတွက် အမေရိကန်ဒေါ်လာ(၄၄ ဒသမ ၂) ဘီလျံခန့် သုံးစွဲခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုလအစောပိုင်းတွင် ခန့်မှန်းပြောခဲ့သည်။
ထို့အပြင် ရုရှားသည် ယူကရိန်းသို့ အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုများကို ပြစ်တင်ရှုတ်ချခဲ့ ပြီး အဆိုပါပေးပို့မှုများမှာ ပဋိပက္ခရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းပေးပို့မှုများမှာ ပဋိပက္ခကိုရှည်ကြာစေပြီး သွေးထွက်သံယိုမှုများကို သာ ပိုမိုဖြစ်ပွားစေကော ရုရှားနှင့်နေတိုးအဖွဲ့ကြား ထိပ်တိုက်တွေ့ဆုံမည့်အန္တရာယ်များကို ပိုမိုတိုးမြင့်လာစေ ကြောင်း ရုရှားဖက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ COVID-19 ကြောင့် လမ်းလျှောက်ခါစ ကလေးငယ်တစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ