တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာ စတင်ဖြေဆိုသည့်နေ့တွင် လာရောက်ဖြေဆိုသူ(၉ဝ)ရာခိုင်နှုန်းအထိရှိခဲ့
ယွန်း (NP News) - မတ် ၉
တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆိုသည့် ပထမနေ့တွင် စာမေးပွဲလာရောက်ဖြေဆိုသူဦးရေ (၉ဝ)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
၂ဝ၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနနှင့် စာဖြေဆိုသူ စာရင်းသွင်းအရေအတွက်သည် ခရိုင်ပေါင်း(၁၂၄)ခရိုင်၊ မြို့နယ်ပေါင်း(၃ဝ၉)မြို့နယ်၊ စာစစ်ဌာနပေါင်း(၈၆၃)ဌာနတို့၌ (၁၇၉၈၄၃) ဦးရှိခဲ့ကြောင်း သိရသည်။
သို့ရာတွင် လာရောက်ဖြေဆိုသူဦးရေသည် (၁၆၁၈၅၁)ဦးရှိခဲ့ပြီး ဖြေဆိုရာခိုင်နှုန်းသည် (၉ဝ)ရာခိုင်နှုန်း ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှ မတ်လ(၁၈)ရက်အထိ ဖြေဆိုသွားမည်ဖြစ်သည်။
မတ်လ(၁ဝ)ရက်နှင့် (၁၁)ရက်တို့ကို စနေ၊ တနင်္ဂနွေပိတ်ရက် အဖြစ်သတ်မှတ်ထားပြီး ပြန်လည်ဖွင့်လှစ် မည့် မတ်လ(၁၃)ရက်တွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
တကၠသိုလ္ဝင္စာေမးပြဲ၏ ျမန္မာစာ စတင္ေျဖဆိုသည့္ေန႔တြင္ လာေရာက္ေျဖဆိုသူ(၉ဝ)ရာခိုင္ႏႈန္းအထိရွိခဲ့
ယြန္း (NP News) - မတ္ ၉
တကၠသိုလ္ဝင္စာေမးပြဲ စတင္ေျဖဆိုသည့္ ပထမေန႔တြင္ စာေမးပြဲလာေရာက္ေျဖဆိုသူဦးေရ (၉ဝ)ရာခိုင္ႏႈန္းအထိ ရွိခဲ့ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
၂ဝ၂၃ ခုႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲတြင္ တိုင္းႏွင့္ျပည္နယ္အလိုက္ ခ႐ိုင္၊ ၿမိဳ႕နယ္၊ စာစစ္ဌာနႏွင့္ စာေျဖဆိုသူ စာရင္းသြင္းအေရအတြက္သည္ ခ႐ိုင္ေပါင္း(၁၂၄)ခ႐ိုင္၊ ၿမိဳ႕နယ္ေပါင္း(၃ဝ၉)ၿမိဳ႕နယ္၊ စာစစ္ဌာနေပါင္း(၈၆၃)ဌာနတို႔၌ (၁၇၉၈၄၃) ဦးရွိခဲ့ေၾကာင္း သိရသည္။
သို႔ရာတြင္ လာေရာက္ေျဖဆိုသူဦးေရသည္ (၁၆၁၈၅၁)ဦးရွိခဲ့ၿပီး ေျဖဆိုရာခိုင္ႏႈန္းသည္ (၉ဝ)ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၈)ရက္မွ မတ္လ(၁၈)ရက္အထိ ေျဖဆိုသြားမည္ျဖစ္သည္။
မတ္လ(၁ဝ)ရက္ႏွင့္ (၁၁)ရက္တို႔ကို စေန၊ တနဂၤေႏြပိတ္ရက္ အျဖစ္သတ္မွတ္ထားၿပီး ျပန္လည္ဖြင့္လွစ္ မည့္ မတ္လ(၁၃)ရက္တြင္ ဓာတုေဗဒဘာသာရပ္ကို ေျဖဆိုခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေအိမ်မီးလောင်ရာမှအနီးရှိ ကားဂိုဒေါင်အား မီးကူးစက်လောင်ကျွမ်းမှု ပြည်မြို့တွင်ဖြစ်ပွား
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း