နေအိမ်မီးလောင်ရာမှအနီးရှိ ကားဂိုဒေါင်အား မီးကူးစက်လောင်ကျွမ်းမှု ပြည်မြို့တွင်ဖြစ်ပွား
Pearl (NP News) - မတ် ၉
ပဲခူးတိုင်း၊ ပြည်မြို့တွင် နေအိမ်မီးလောင်ရာမှတစ်ဆင့် အနီးရှိ ကားဂိုဒေါင်ပါ မီးကူးစက်လောင်ကျွမ်းခဲ့ ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၉ ရက်)၊ နံနက် (၁ဝ)နာရီခွဲအချိန်ခန့်တွင် ပြည်မြို့၊ ခေတ္တရာမြို့သစ်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)ထံမှ သိရသည်။
"ပျဉ်ထောင်အိမ်က စလောင်တာပါ။ အိမ်မှာတော့ လူတွေမရှိဘူး။ ဘေးမှာက ကားဂိုထောင်ရှိတယ်၊ စလောင်တဲ့အိမ်နဲ့ ကားတစ်စီး ၊ ဆိုင်ကယ်တစ်စီးမီးလောင်သွားတယ်၊ ဘေးကအိမ်တစ်လုံး နဲ့ နောက်က အိမ်တစ်လုံး မီးဟပ်သွားတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ပျဉ်ထောင်အိမ်(၁)လုံး၊ ကားတစ်စီး နှင့် ဆိုင်ကယ်တစ်စီးတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မီးလောင်မှုဖြစ်စဥ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ေနအိမ္မီးေလာင္ရာမွအနီးရွိ ကားဂိုေဒါင္အား မီးကူးစက္ေလာင္ကြၽမ္းမႈ ျပည္ၿမိဳ႕တြင္ျဖစ္ပြား
Pearl (NP News) - မတ္ ၉
ပဲခူးတိုင္း၊ ျပည္ၿမိဳ႕တြင္ ေနအိမ္မီးေလာင္ရာမွတစ္ဆင့္ အနီးရွိ ကားဂိုေဒါင္ပါ မီးကူးစက္ေလာင္ကြၽမ္းခဲ့ ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၉ ရက္)၊ နံနက္ (၁ဝ)နာရီခြဲအခ်ိန္ခန႔္တြင္ ျပည္ၿမိဳ႕၊ ေခတၱရာၿမိဳ႕သစ္ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)ထံမွ သိရသည္။
"ပ်ဥ္ေထာင္အိမ္က စေလာင္တာပါ။ အိမ္မွာေတာ့ လူေတြမရွိဘူး။ ေဘးမွာက ကားဂိုေထာင္ရွိတယ္၊ စေလာင္တဲ့အိမ္နဲ႔ ကားတစ္စီး ၊ ဆိုင္ကယ္တစ္စီးမီးေလာင္သြားတယ္၊ ေဘးကအိမ္တစ္လုံး နဲ႔ ေနာက္က အိမ္တစ္လုံး မီးဟပ္သြားတယ္"ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္)၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။
အဆိုပါ မီးေလာင္မႈကို ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ (ျပည္) ႏွင့္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား သြားေရာက္၍ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။
မီးေလာင္မႈေၾကာင့္ ပ်ဥ္ေထာင္အိမ္(၁)လုံး၊ ကားတစ္စီး ႏွင့္ ဆိုင္ကယ္တစ္စီးတို႔ မီးေလာင္ပ်က္စီးသြားခဲ့ၿပီး ထိခိုက္ဒဏ္ရာ ရရွိသူမရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ မီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္ လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဩစတြေးလျက ၂ဝ၃ဝ ခုနှစ်များမှာ အမေရိကန်ထံမှ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောငါးခုအထိ ဝယ်ယူဖို့ ရည်မှန်းထား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း