မြန်မာနိုင်ငံအရေး လက်နက်ကိုင်ပဋိပက္ခတွင်ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံး သည်းခံချုပ်တည်းကြရန် အာဆီယံအဖွဲ့ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၆
အာဆီယံအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်မှုများကို ချက်ချင်း ရပ်တန့်ရန်၊ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့အစည်းများအားလုံး တိုက်ပွဲအရှိန် ထပ်မံ မမြင့်တက်စေရန် သည်းခံချုပ်တည်းစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း ပိတ်မိနေသူများကို ၎င်းတို့ မိခင်နိုင်ငံသို့ ပြန်နိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပံ့ပိုးကူညီပေးစေလိုကြောင်း အာဆီယံအဖွဲ့က တောင်းဆိုထားသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၆ ရက်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံသားများ အပြင် ပြည်ပနိုင်ငံခြားသားများ တိုက်ပွဲများထဲ ပိတ်မိနေခဲ့ပြီး နေရပ်စွန့်ခွာနေရကြောင်း သိရသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်ချက်ထဲတွင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးဆိုင်ရာဥပဒေများကို လေးစားလိုက်နာရန်၊ တိုက်တွန်းတောင်းဆိုထားသလို အရပ်သားများ ဘေးကင်းလုံခြုံရေး နှင့် ကာကွယ်ပေးမှုများလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံရေး အခက်အခဲကိုဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်နေခဲ့ပြီး ပြီးခဲ့သောရက်ပိုင်းတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရေးအခက်အခဲတွင် ပါဝင်နေသော အဓိကအဖွဲ့အစည်းအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
MNDAA က ပိတ်ဆို့ထားသောလမ်းပိုင်း ပြန်ဖွင့်ပေးသည့်အတွက် လောက်ကိုင်မြို့၌ ပိတ်မိနေသော စစ်ဘေးရှောင် အများအပြား နေရပ်ပြန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ