Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
MNDAA က ပိတ်ဆို့ထားသောလမ်းပိုင်း ပြန်ဖွင့်ပေးသည့်အတွက် လောက်ကိုင်မြို့၌ ပိတ်မိနေသော စစ်ဘေးရှောင် အများအပြား နေရပ်ပြန်

မြူနစ် (NSS) - နိုဝင်ဘာ ၂၆

ကိုးကန့်အဖွဲ့ MNDAA က ပိတ်ဆို့ထားသောလမ်းများ ပြန်ဖွင့်ပေးနေသည့်အတွက် လောက်ကိုင်မြို့၌ ပိတ်မိနေသော စစ်ဘေးရှောင်အများအပြားသည် နေရပ်သို့ ပြန်လျက်ရှိကြောင်း သိရသည်။

MNDAA လက်နက်ကိုင်အဖွဲ့သည် ယခုရက်ပိုင်းအတွင်း ပိတ်ဆို့ထားသောလမ်းပိုင်းများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်အများအပြားသည် အခက်အခဲများစွာဖြင့် နေရပ်ပြန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းများအတွင်း လောက်ကိုင်မြို့၌ ပိတ်မိနေသည့် စစ်ဘေးရှောင်အများအပြားသည် လားရှိုးဘက်သို့ ထွက်ခွာလာစဉ် လောက်ကိုင်မြို့အပြင်ဘက်ရှိ ပါစင်ကျော်ကျေးရွာဂိတ်နှင့် ဆယ်တန်ဂိတ်ကြားတွင် ပိတ်မိနေသော စစ်ဘေးရှောင်အများအပြား ရှိခဲ့ဖူးသည်။

“အခုတော့ MNDAA က လမ်းဖွင့်ပေးနေတယ်။ သွားလို့ရတယ်။ ဒါပေမယ့် စစ်ဆေးတာတွေ ဘာတွေတော့ ရှိတယ်။ တချို့ကလည်း စစ်ဆေးတာမချင်တော့ တောလမ်းကနေ လမ်းလျှောက်ပြန်တဲ့သူတွေလည်းရှိတယ်။ ဆိုင်ကယ် တွေနဲ့ ပြန်တဲ့သူက များတာပေါ့။ အဲဒါက မြန်မြန်ခရီးရောက်တယ်။ ကားနဲ့ အချိန်အရမ်းကြားတယ်။ လောက်ကိုင် ကနေ နမ့်တစ်ကို ရောက်မှ “ဝ” နယ်မြေရောက်ထဲမှ အဲဒီကတစ်ဆင့် လားရှိုးဘက်ကို ပြန်ရတာပေါ့” ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။


ယမန်နေ့(နိုဝင်ဘာ ၂၅ ရက်) တွင် “ဝ”နယ်မြေ နမ့်တစ်မြို့မှတစ်ဆင့် စစ်ဘေးရှောင် (၁ဝဝဝ)ကျော်ကို ကား (၁၇) စီးဖြင့် ပို့ ဆောင်ကူညီပေးခဲ့သည်ဟု UWSA မှ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။

ထို့ပြင် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင်လည်း စစ်ဘေးရှောင် (၁၅ဝဝ)ခန့်ကို ကားအစီး (၂ဝ)ဖြင့် ဆက်လက်ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်မံအသိပေးထားသည်။


ယခုရက်ပိုင်းအတွင်း လောက်ကိုင်မြို့မှ “ဝ” နယ်မြေသို့ ဖြတ်သန်းကာ နေရပ်သို့ပြန်သည့် ဆိုင်ကယ်အစီးရေ (၅ဝဝဝ)ခန့် ရှိကြောင်း သိရသည်။

“လောက်ကိုင်မှာ ကုန်ဈေးနှုန်းအရမ်းကြီးနေတယ်လေ။ ပြီးတော့ ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ အဲဒီတော့ နေရပ် ပြန်တဲ့လူတွေ များတာပေါ့။ အများစုကတော့ လောက်ကိုင်မှာ အလုပ်လာလုပ်တဲ့သူတွေ ပြန်တာများတယ်။ ဒီနေ့ ဆိုရင်လည်း အန်တီတို့အိမ်နားက လူ(၂၅)ယောက်လောက် လမ်းဖွင့်လို့ဆိုပြီးတော့ ပြန်သွားတာရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။


ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင် မဟာမိတ်(၃)ဖွဲ့သည် ၎င်းတို့၏ (၁ဝ၂၇ စစ်ဆင်ရေး) မှာ လောက်ကိုင်မြို့သို့ ဦးတည်လာနေကြောင်း အသိပေးထားပြီး အဆိုပါစစ်ဆင်ရေး တစ်လပြည့်မည့် နိုဝင်ဘာ ၂၇ ရက်တွင် စစ်ရေးအရှိန်ထပ်မြှင့်မည်ဟု ကြေညာထားသည်။

လောက်ကိုင်မြို့အတွင်း ရှိနေသော တရုတ်နိုင်ငံသားများအနေဖြင့် မြို့အတွင်းမှ အမြန်ဆုံးထွက်ခွာကြရန်လည်း တရုတ်သံရုံးက အသိပေးကြေညာထားသည်ကို တွေ့ရှိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၃)နှစ်နီးပါးအတွင်း ပဲခူးတိုင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၉၇)သန်းကျော် ဝင်ရောက်ခဲ့ဟုဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved