Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးနှင့်ဟားမက်အဖွဲ့ကြား ယာယီအပစ်ခတ်ရပ်စဲပြီးနောက် ဖမ်းဆီးထားသူများ အပြန်အလှန်လွှတ်ပေးမှု စတင်လုပ်ဆောင်

Pika (NSS) - နိုဝင်ဘာ ၂၅

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့က ပြန်လွှတ်ပေးလိုက်သော အစ္စရေးဓါးစာခံ(၁၃)ဦးသည် အစ္စရေးသို့ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး ဆေးကုသမှုများကိုလုပ်ဆောင်နေပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က နိုဝင်ဘာလ(၂၄)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။


အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား လေးရက်ကြာအပစ်ခတ်ရပ်စဲရန် စီစဉ်ထားသည့် ပထမဆုံးနေ့အပြီးတွင် ယခုကဲ့သို့ ဓါးစာခံ လွှတ်ပေးမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါဓါးစာခံများထဲတွင် ကလေးငယ်(၄)ဦး နှင့် သက်ကြီးရွယ်အိုအမျိုးသမီး(၆)ဦးတို့ပါဝင်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု၏ ရုံးကပြောကြားခဲ့သည်။ လွတ်မြောက်လာသော ဓါးစာခံများသည် အစ္စရေးတွင် ကနဦးဆေးစစ်မှုများကိုလုပ်ဆောင်ခဲ့ပြီး ၎င်းတို့မိသားစုများနှင့် ပြန်လည်ပေါင်းစည်းစေမည့် ဆေးရုံများသို့ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။

ထို့ပြင်ဟားမက်လက်နက်ကိုင်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးထားသော အစ္စရေးနိုင်ငံသားများနှင့်နိုင်ငံ ခြားသား(၂၄၀)ဦးအနက်မှ အနည်းဆုံးလူ(၅၀)ခန့်သည် လာမည့်ရက်ပိုင်းအတွင်း လွတ်မြောက်လာမည်ဟု မျှော်လင့်ရကြောင်း အစ္စရေးစစ်တပ်ကပြောကြားခဲ့သည်။ အပြန်အလှန်အနေဖြင့် အစ္စရေးအစိုးရသည် ၎င်းတို့ဖမ်းဆီးထိန်းသိမ်းထားသော ပါလက်စတိုင်းအမျိုးသမီးများနှင့် အရွယ်မရောက်သေးသော ကလေးငယ် စုစုပေါင်း(၃၉)ဦးကို နိုဝင်ဘာလ(၂၄)ရက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

အစ္စရေးဓါးစာခံများအပြင် ထိုင်းနိုင်ငံသားဓါးစာခံ(၁၀)ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား(၁)ဦးတို့လည်း သီးခြားသဘောတူညီချက်တစ်ခုအရ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ကာတာကြားဝင်စေ့စပ်သူများကပြောကြားခဲ့သည်။ ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံထားရသော ဓါးစာခံအားလုံး ပြန်လည်လွတ်မြောက်လာစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကတိပြုပြောဆိုခဲ့သည်။

နေတန်ရာဟုက "ဒါဟာ ဒီစစ်ပွဲရဲ့ပန်းတိုင်တွေထဲကတစ်ခုဖြစ်ပြီး အခြားပန်းတိုင်တွေအားလုံးကို ဆက်လက်အရောက်လှမ်းနိုင်ဖို့ ကျွန်တော်တို့ ကတိပြုထားပါတယ်"ဟု ပြောဆိုခဲ့သည်။

အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား နိုဝင်ဘာလ(၂၄)ရက်က လုပ်ဆောင်ခဲ့သော ဖမ်းဆီးထားသူများ အပြန်အလှန် လွှတ်ပေးခြင်းသည် အစပျိုးမှုတစ်ခုဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသတွင် ယာယီအပစ်ခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် အခွင့်အလမ်းများရှိနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကပြောဆိုခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒန်က "အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကြားမှာ ငြိမ်းချမ်းရေးအတွက် ပြည်နယ်နှစ်ရပ်ဖြေရှင်းချက်တစ်ခုဖန်တီးဖို့ အချိန်ကျရောက်နေပါပြီ။ ပြီးတော့ ယာယီအပစ်ခတ်ရပ်စဲရေးကို သက်တမ်းတိုးဖို့အတွက် အခွင့်အလမ်းတွေကရှိတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ပြောဆိုခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာ့အရေးဆွေးနွေးပွဲသို့ နစကမှတက်ရောက်ခြင်းမရှိ၊ အင်ဒိုနီးရှားအစိုးရသည် မဟုတ်မမှန်သတင်းများဖြင့် မဏ္ဍပ်တိုင်တက်ပြနေကြောင်း နစကတုံ့ပြန်

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved