မြန်မာ့အရေးဆွေးနွေးပွဲသို့ နစကမှတက်ရောက်ခြင်းမရှိ၊ အင်ဒိုနီးရှားအစိုးရသည် မဟုတ်မမှန်သတင်းများဖြင့် မဏ္ဍပ်တိုင်တက်ပြနေကြောင်း နစကတုံ့ပြန်
မြူနစ် (NSS) - နိုဝင်ဘာ ၂၅
မြန်မာ့အရေးဆွေးနွေးပွဲသို့ နစကမှတက်ရောက်ခြင်းမရှိကြောင်းနှင့် အင်ဒိုနီးရှားအစိုးရသည် မဟုတ်မမှန်သတင်းများဖြင့် မဏ္ဍပ်တိုင်တက်ပြနေကြောင်း နစကဘက်က တုံ့ပြန်လိုက်သည်။
အင်ဒိုနီးရှားနိုင်ငံတွင် နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အတွင်း ပြုလုပ်ခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ NSS က နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရာတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် EAO အချို့မှ ကိုယ်စားလှယ်များ၊ NUG နှင့် နစကဘက်မှ ကြားခံကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု အင်ဒိုနီးရှားအစိုးရဘက်က ထုတ်ပြန်ထားသည်။
“အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ မကောင်းမြင်ဝါဒဘက်က ဆောင်ရွက်တာရှိတယ်။ သူတို့ ထုတ်ပြန်ထားသလို မြန်မာနိုင်ငံရဲ့ စစ်တပ်ဘက်က အစိုးရရဲ့ ကြားခံလူနဲ့ တွေ့ခဲ့တယ်ဆိုတာက ကြားခံလူလည်းမရှိဘူး။ တွေ့စရာလည်း အကြောင်းမရှိဘူး။ ပြောရရင်တော့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မကြာသေးခင်မှာ အာဆီယံဥက္ကဋ္ဌရာထူးကနေ စွန့်လွှတ်ရမှာဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ မဏ္ဍပ်တိုင်တက်ပြနေတယ်လို့ပဲ ပြောချင်တယ်။ သူတို့အနေနဲ့ကတော့ အာဆီယံဥက္ကဋ္ဌအနားယူခါနီးမှာ မဟုတ်မမှန်သတင်းတွေနဲ့ မဏ္ဍပ်တိုင်တက်ပြနေတာပါပဲ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အင်ဒိုနီးရှားအစိုးရသည် အာဆီယံဥက္ကဋ္ဌတာဝန် အနားယူခါနီးအချိန်တွင် မဟုတ်မမှန်သတင်းများဖြင့် မဏ္ဍပ်တိုင်တက်ပြနေခြင်းသာဖြစ်ကြောင်းလည်း နစကပြောခွင့်ရက ဆိုသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော မြန်မာ့အရေးဆွေးနွေးပွဲ၌ NUG ဘက်ကလည်း တပ်မတော်ဘက်မှ ကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ခြင်းမျိုးမရှိကြောင်း မီဒီယာအချို့အား ပြောဆိုထားသည်ကို တွေ့ရှိရသည်။
သို့သော် အဆိုပါမြန်မာ့အရေးဆွေးနွေးပွဲသို့ NCA လက်မှတ်ရေးထိုးထားသည့် EAO အချို့မှ ကိုယ်စား လှယ်များ တက်ရောက်မှုရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိအခြေအနေတွင် အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများသည် မဖြစ်နိုင်သေးကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးသည် တိုက်ပွဲများဆီသို့သာ ဦးတည်လျက်ရှိကြောင်း ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးတိုင်းရှိ မြို့နယ် ၄ ခုမှ ရေကြီးနစ်မြုပ်မှုကြောင့်ပျက်စီးခဲ့သည့် မိုးစပါးစိုက်တောင်သူများအတွက် ပဲတီစိမ်းမျိုးများထောက်ပံ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ