အမေရိကန်နိုင်ငံသားအများစုက ရုရှား-ယူကရိန်းစစ်ပွဲ နှင့် အစ္စရေး-ဟားမက်စစ်ပွဲတို့ အပစ်ခတ်ရပ်စဲရေးကို လိုလားနေကြကြောင်း စစ်တမ်းတစ်ခုတွင်ဖော်ပြ
Pika (NSS) - နိုဝင်ဘာ ၂၅
အမေရိကန်နိုင်ငံသားအများစုသည် ရုရှား-ယူကရိန်းစစ်ပွဲ နှင့် အစ္စရေး-ဟားမက်စစ်ပွဲတို့ အပစ်ခတ်ရပ်စဲရေးကို ထောက်ခံကြကြောင်း နိုဝင်ဘာလ(၂၂)ရက်တွင် Economist/YouGov က ထုတ်ပြန်လိုက်သည့် စစ်တမ်းတစ်ခုအရ သိရသည်။
ထို့ပြင် အမေရိကန်နိုင်ငံသားများသည် စစ်ပွဲအတွင်း အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုး မရှိသည့် အကြောင်းအရာနှင့်ပတ်သက်ပြီး ရုရှားထက် အစ္စရေးကို ပိုမိုယုံကြည်ကြကြောင်း အဆိုပါစစ်တမ်းထဲတွင်ဖော်ပြထားသည်။
အမေရိကန်နိုင်ငံသား(၁၀)ဦးတွင် (၇)ဦး (၇၂)ရာခိုင်နှုန်းက ရုရှား-ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အပစ်ခတ်ရပ်စဲရေးကို ထောက်ခံကြကြောင်း အဆိုပါစစ်တမ်းထဲတွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံသား(၉)ရာခိုင်နှုန်းခန့်ကသာ အပစ်ခတ်ရပ်စဲရေးကို ကန့်ကွက်ကြကြောင်း စစ်တမ်းထဲတွင်ဖော်ပြထားသည်။
အစ္စရေး-ဟားမက်စစ်ပွဲ အပစ်ခတ်ရပ်စဲရေးကို အမေရိကန်နိုင်ငံသား (၆၃)ရာခိုင်နှုန်းက ထောက်ခံကြပြီး (၂၀)ရာခိုင်နှုန်းကသာ အပစ်အခတ်ရပ်စဲရေးကို ကန့်ကွက်ကြကြောင်းလည်းသိရသည်။
ထို့ပြင် စစ်တမ်းကောက်ယူသူများသည် ရုရှားနှင့်အစ္စရေးတို့အသုံးပြုသည့် စစ်ရေးနည်းဗျူဟာများနှင့် ၎င်းတို့တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များ သို့မဟုတ် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမျိုး ဟုတ်/မဟုတ်ဆိုသည့်အချက်ကိုလည်း မေးမြန်းခဲ့ကြောင်း သိရသည်။
ရုရှား-ယူကရိန်းစစ်ပွဲတွင် ရုရှား၏တိုက်ခိုက်မှု အချို့ သို့မဟုတ် တစ်ဝက်သည် စစ်ရေးရည်ရွယ်ချက်များရှိကြောင်း ဖြေဆိုသူ(၂၀)ရာခိုင်နှုန်းမှ (၂၈)ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြသည်။
အစ္စရေး-ဟားမက်စစ်ပွဲတွင် အစ္စရေး၏တိုက်ခိုက်မှုအချို့ သို့မဟုတ် တစ်ဝက်သည် စစ်ရေးရည်ရွယ်ချက်များရှိကြောင်း ဖြေဆိုသူများ၏(၁၃)ရာခိုင်နှုန်းမှ (၁၄)ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြသည်။
ထို့ပြင် ရုရှား၏တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ဖြေဆိုသူများ၏ (၅)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြပြီး အစ္စရေး၏တိုက်ခိုက်မှုများသည် စစ်ဘက်ဆိုင်ရာပစ်မှတ်များကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း (၁၈)ရာခိုင်နှုန်းက ဖြေဆိုခဲ့ကြသည်။
ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက ကလေးငယ် (၅၆၀)ဦး အပါအဝင် အရပ်သား(၁)သောင်းကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ယခုသီတင်းပတ်တွင် ခန့်မှန်းပြောဆိုခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကလေးငယ်(၅၅၀၀)ကျော်အပါအဝင် အရပ်သား(၁၃၀၀၀)ခန့်သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနကပြောဆိုခဲ့သည်၊၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး အမြန်ရထားနှင့်တိုက်မိကာ ပွဲချင်းပြီး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ