ကြို့ပင်ကောက်မြို့နယ်တွင် အမျိုးသားတစ်ဦး အမြန်ရထားနှင့်တိုက်မိကာ ပွဲချင်းပြီး သေဆုံး
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၅
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အမျိုသားတစ်ဦး အမြန်ရထားနှင့်တိုက်မိကာ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း နာရေးကူညီမှု အသင်းကြို့ပင်ကောက်ထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၂၄ ရက်)၊ ည ၁၂နာရီခွဲအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်ကျေးရွာအုပ်စု၊ ခုနှစ်ရွာကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အတိုက်ခံရတဲ့သူက ကြို့ပင်ကောက်မြို့အထွက်မှာရှိတဲ့ (2000)စက်သုံးစီဆိုင်မှာ အလုပ်လုပ်တဲ့လူပါ။ ညကြီး အိမ်ကိုပြန်လာတဲ့ လမ်းမှာ အမြန်ရထားနဲ့ တိုက်မိတာ။ သူက ရထားကို ဆိုင်ကယ်နဲ့ ဝင်တိုက်တဲ့အနေအထားပေါ့”ဟု နာရေးကူညီမှုအသင်းကြို့ပင်ကောက်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သိမ်ကုန်းကျေးရွာတွင်နေထိုင်သည့် အသက်(၃၈)နှစ်အရွယ် အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခန္ဓာကိုယ်၌ ပွန်းရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“လူကတော့ ခေါင်းနဲ့ တစ်ကိုယ်လုံးပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေရှိတာပေါ့။ ဆိုင်ကယ်ကတော့ ကြေမွသွားတာပဲ။ လူကတော့ အတွင်းကြေတွေဖြစ်ပြီး သေသွားတယ်လို့ ယူဆရတယ်။ ရထားကြိတ်ခံရတာလိုမျိုး ထပ်ပိုင်းပြတ်သွားတာမျိုးတွေမရှိဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား နာရေးကူညီမှုအသင်းကြို့ပင်ကောက်မှ ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်လက်နက်ကိုင်အဖွဲ့က ထိုင်းနိုင်ငံသား (၁၀)ဦး ပြန်လွှတ်ပေးခဲ့သော်လည်း (၂၀)ဦး ဖမ်းဆီးခံထားရဆဲဖြစ်ဟု ထိုင်းအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း