ဟားမက်လက်နက်ကိုင်အဖွဲ့က ထိုင်းနိုင်ငံသား (၁၀)ဦး ပြန်လွှတ်ပေးခဲ့သော်လည်း (၂၀)ဦး ဖမ်းဆီးခံထားရဆဲဖြစ်ဟု ထိုင်းအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၅
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမက်သည် ထိုင်းနိုင်ငံသား(၁၀)ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးခဲ့သော်လည်း အခြားထိုင်းနိုင်ငံသား(၂၀)ဦးမှာ ဓါးစာခံအဖြစ် ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခံရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၂၅)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အစ္စရေးအကျဉ်းထောင်များတွင်ရှိသော ပါလက်စတိုင်းနိုင်ငံသားများနှင့် ဟားမက်အဖွဲ့က ဖမ်းဆီးထားသော ဓါးစားခံများ အပြန်အလှန်လဲလှယ်မှုကြောင့် လွတ်မြောက်လာသော ထိုင်းနိုင်ငံသားဓါးစာခံများ သည် ဆေးရုံတွင် (၄၈)နာရီကြာနေပြီးနောက် ထိုင်းနိုင်ငံသို့ပြန်လာမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လွတ်မြောက်လာသော ထိုင်းနိုင်ငံသားများထဲတွင် အမျိုးသမီးတစ်ဦးပါဝင်ကြောင်း သိရသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက "လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား(၁၀)ဦးထဲက (၄)ဦးကို အစ္စရေးအာဏာပိုင်တွေက အရင်တုန်းကတစ်ခါမှအတည်မပြုခဲ့ဖူးပါဘူး။ ဆိုလိုတာကတော့ ထိုင်းနိုင်ငံသား (၂၀)ဦးခန့်ဟာ ဓါးစာခံအဖြစ် ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားခံရတုန်းပါပဲ။ အစ္စရေးနိုင်ငံ Tel Aviv မြို့ရှိ ထိုင်းသံရုံးမှ တာဝန်ရှိသူများသည် ပြန်လည်လွတ်မြောက်လာသူများနှင့်အတူရှိနေပြီး ၎င်းတို့၏ဆွေမျိုးများကို အကြောင်းကြားထားပါတယ်"ဟု ပြောကြားခဲ့သည်။ လွတ်မြောက်လာသူများ ထိုင်းနိုင်ငံသို့ အမြန်ဆုံးပြန်လာနိုင်ရန်အတွက် သံရုံးမှ လိုအပ်သောအစီအစဉ်များအားလုံးကို လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက"ဆက်လက်ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေ လူသားဆန်စွာ ဆက်ဆံခံရပြီး အမြန်ဆုံး ဘေးကင်းစွာနဲ့ ပြန်လည်လွတ်မြောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် ဟာသသရုပ်ဆောင် တစ်ဖနီဟာဒစ်ရှ် ယာဉ်စည်းကမ်းဖောက်ဖျက် မောင်းနှင်မှုနဲ့ ဖမ်းဆီးခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ