Tik Tok က အမေရိကန်အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်ကြောင်း FBI အဖွဲ့အကြီးအကဲပြော
Pika (NP News) - မတ် ၉
တရုတ်အစိုးရသည် TikTok အက်ပလီကေးရှင်းကို အသုံးပြုကာ သန်းနှင့်ချီသော အမေရိကန်နိုင်ငံသားများ၏ ဒေတာအချက်အလက်များကို ထိန်းချုပ်နိုင်သည်ဟု FBI အဖွဲ့ညွှန်ကြားရေးမှူး Christopher Wray က ပြောကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံပိုင် TikTok သည် အမေရိကန်နိုင်ငံသားများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ် ကြောင်းလည်း ၄င်းက ပြောဆိုခဲ့သည်။ တရုတ်အစိုးရသည် အမေရိကန်နိုင်ငံအတွင်းရှိ ကွန်ပျူတာဆော့ဖ်ဝဲလ်များ ကို ထိန်းချုပ်ရန်၊ ထိုင်ဝမ် (သို့မဟုတ်) အခြားပြဿနာများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသားများကို စိတ်ဝမ်း ကွဲပြားအောင်လုပ်ဆောင်ရန်နှင့် အမေရိကန်၏လုံခြုံရေးကို ခြိမ်းခြောက်ရန်အတွက် TikTok ကို အသုံးပြုနိုင် ကြောင်း Christopher Wray က ပြောကြားခဲ့သည်။
Christopher Wray က "တရုတ်နိုင်ငံဟာ TikTok ကို အသုံးပြုပြီး သတင်းမှားတွေကို လုပ်ဆောင်နိုင်တယ်။ ဒါဟာ တရုတ်အစိုးရရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကိရိယာတစ်ခုဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ tiktok ဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာတစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံ၏ လုံခြုံရေးကို ခြိမ်းခြောက်လာမည်ဆိုပါက အမေရိကန်သမ္မတဂျိုးဘိုင်ဒန် အစိုးရအဖွဲ့အား TikTok နှင့် အခြားသော နိုင်ငံခြားအခြေစိုက် နည်းပညာများကို ပိတ်ပင်နိုင်မည့် လုပ်ပိုင်ခွင့်အသစ်များ ပေးအပ်ရန် အိမ်ဖြူတော်က ထောက်ခံထားသော ဥပဒေတစ်ရပ်ကို အထက်လွှတ်တော်အမတ် တစ်ဒါဇင်က တင်သွင်းခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါ ထောက်ခံချက်များကြောင့် လွှတ်တော်အမတ်အများအပြားသည် တရုတ်နိုင်ငံပိုင်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်ပြီး အမေရိကန်နိုင်ငံသား သန်း(၁ဝဝ)ကျော် အသုံးပြုသော နာမည်ကြီး tiktok အက်ပ်ကို တားမြစ်ပိတ်ပင် ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြင့်လုပ်ဆောင်နေကြောင်း သိရသည်။
TikTok သည် အမေရိကန်အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဆိုသည့် ပြောဆိုချက်များကို အမျိုးသား ထောက်လှမ်းရေးညွှန်ကြားရေးမှူး Avril Haines၊ CIA ညွှန်ကြားရေးမှူး William Burns နှင့် အမျိုးသား လုံခြုံရေးအေဂျင်စီ ဒါရိုက်တာ Paul Nakasone အပါအဝင် အခြားထိပ်တန်းအမေရိကန်ထောက်လှမ်းရေးအရာရှိ များက သဘောတူညီခဲ့ကြောင်း သိရသည်။
TikTok ၏ ဒေတာအချက်အလက်စုဆောင်းမှုနှင့် ကျယ်ပြန့်သောဩဇာလွှမ်းမိုးမှုဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်မှု ကို လွယ်ကူချောမွေ့စေမည့် အလားအလာများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမျိုးသားလုံခြုံရေးအေဂျင်စီ ဒါရိုက်တာ Paul Nakasone က ထုတ်ဖော်ပြောဆိုခဲ့သည်။
Zawgyi Version;
Tik Tok က အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုျဖစ္ေၾကာင္း FBI အဖြဲ႕အႀကီးအကဲေျပာ
Pika (NP News) - မတ္ ၉
တ႐ုတ္အစိုးရသည္ TikTok အက္ပလီေကးရွင္းကို အသုံးျပဳကာ သန္းႏွင့္ခ်ီေသာ အေမရိကန္ႏိုင္ငံသားမ်ား၏ ေဒတာအခ်က္အလက္မ်ားကို ထိန္းခ်ဳပ္ႏိုင္သည္ဟု FBI အဖြဲ႕ၫႊန္ၾကားေရးမႉး Christopher Wray က ေျပာၾကားခဲ့သည္။
ထို႔အျပင္ တ႐ုတ္ႏိုင္ငံပိုင္ TikTok သည္ အေမရိကန္ႏိုင္ငံသားမ်ား၏ လုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုျဖစ္ ေၾကာင္းလည္း ၄င္းက ေျပာဆိုခဲ့သည္။ တ႐ုတ္အစိုးရသည္ အေမရိကန္ႏိုင္ငံအတြင္းရွိ ကြန္ပ်ဴတာေဆာ့ဖ္ဝဲလ္မ်ား ကို ထိန္းခ်ဳပ္ရန္၊ ထိုင္ဝမ္ (သို႔မဟုတ္) အျခားျပႆနာမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံသားမ်ားကို စိတ္ဝမ္း ကြဲျပားေအာင္လုပ္ေဆာင္ရန္ႏွင့္ အေမရိကန္၏လုံၿခဳံေရးကို ၿခိမ္းေျခာက္ရန္အတြက္ TikTok ကို အသုံးျပဳႏိုင္ ေၾကာင္း Christopher Wray က ေျပာၾကားခဲ့သည္။
Christopher Wray က "တ႐ုတ္ႏိုင္ငံဟာ TikTok ကို အသုံးျပဳၿပီး သတင္းမွားေတြကို လုပ္ေဆာင္ႏိုင္တယ္။ ဒါဟာ တ႐ုတ္အစိုးရရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာရွိတဲ့ ကိရိယာတစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ့္အတြက္ကေတာ့ tiktok ဟာ အမ်ိဳးသားလုံၿခဳံေရးအတြက္ စိုးရိမ္စရာတစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။
အေမရိကန္ႏိုင္ငံ၏ လုံၿခဳံေရးကို ၿခိမ္းေျခာက္လာမည္ဆိုပါက အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ အစိုးရအဖြဲ႕အား TikTok ႏွင့္ အျခားေသာ ႏိုင္ငံျခားအေျခစိုက္ နည္းပညာမ်ားကို ပိတ္ပင္ႏိုင္မည့္ လုပ္ပိုင္ခြင့္အသစ္မ်ား ေပးအပ္ရန္ အိမ္ျဖဴေတာ္က ေထာက္ခံထားေသာ ဥပေဒတစ္ရပ္ကို အထက္လႊတ္ေတာ္အမတ္ တစ္ဒါဇင္က တင္သြင္းခဲ့ ေၾကာင္းလည္း သိရသည္။
အဆိုပါ ေထာက္ခံခ်က္မ်ားေၾကာင့္ လႊတ္ေတာ္အမတ္အမ်ားအျပားသည္ တ႐ုတ္ႏိုင္ငံပိုင္ကုမၸဏီ ByteDance က ပိုင္ဆိုင္ၿပီး အေမရိကန္ႏိုင္ငံသား သန္း(၁ဝဝ)ေက်ာ္ အသုံးျပဳေသာ နာမည္ႀကီး tiktok အက္ပ္ကို တားျမစ္ပိတ္ပင္ ရန္အတြက္ ႀကိဳးပမ္းအားထုတ္မႈမ်ားကို အရွိန္ျမင့္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
TikTok သည္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနသည္ဆိုသည့္ ေျပာဆိုခ်က္မ်ားကို အမ်ိဳးသား ေထာက္လွမ္းေရးၫႊန္ၾကားေရးမႉး Avril Haines၊ CIA ၫႊန္ၾကားေရးမႉး William Burns ႏွင့္ အမ်ိဳးသား လုံၿခဳံေရးေအဂ်င္စီ ဒါ႐ိုက္တာ Paul Nakasone အပါအဝင္ အျခားထိပ္တန္းအေမရိကန္ေထာက္လွမ္းေရးအရာရွိ မ်ားက သေဘာတူညီခဲ့ေၾကာင္း သိရသည္။
TikTok ၏ ေဒတာအခ်က္အလက္စုေဆာင္းမႈႏွင့္ က်ယ္ျပန႔္ေသာဩဇာလႊမ္းမိုးမႈဆိုင္ရာလုပ္ငန္းမ်ား လုပ္ေဆာင္မႈ ကို လြယ္ကူေခ်ာေမြ႕ေစမည့္ အလားအလာမ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီ ဒါ႐ိုက္တာ Paul Nakasone က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်မည်ဟု Khiri Travel ကုမ္ပဏီဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ