မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် လုပ်ငန်းများပြန်လည်လုပ်ကိုင်မည်ဟု Khiri Travel ကုမ္ပဏီဆို
ဂျန်ဇက် (NP News) - မတ် ၉
အရှေ့တောင်အာရှဒေသတွင် ခရီးသွားလုပ်ငန်းများကို အဓိက စီမံခန့်ခွဲလုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သော Khiri Travel သည်က မြန်မာနိုင်ငံတွင် ၎င်းတို့လုပ်ငန်းများ ပြန်လည်လုပ်ကိုင်မည်ဟု သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Khiri Travel သည် ၎င်းတို့၏လုပ်ငန်းများကို ဆိုင်းငံ့ခဲ့ပြီးနောက် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။
Khiri Travel က "ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ပိတ်ခဲ့ရတယ်။ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် လုပ်ငန်းလုပ်ကိုင်မှုတွေကို နားခဲ့ရတယ်။ ဒါပေမယ့်လည်း ဝန်ထမ်းတွေကို ဆက်လက်ထိန်းသိမ်းထားခဲ့တယ်" ဟု ဆိုသည်။
Khiri Travel ကို တည်ထောင်သူဖြစ်သော Willem Niemeije သည် ၂ဝ၁၁ ခုနှစ်က မြန်မာနိုင်ငံရန်ကုန်မြို့တွင် ၎င်း၏ ရုံးခွဲကို ဖွင့်လှစ်ခဲ့ပြီး လုပ်ငန်းများလုပ်ကိုင်ခဲ့ကြောင်း သိရသည်။ Khiri Travel က ၎င်းတို့အနေဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ခရီးသွားရောက်မည့်သူများအတွက် package tours များ ကမ်းလှမ်းလက်ခံသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့ ကုမ္ပဏီတစ်ခုတည်းလုပ်ဆောင်မည် မဟုတ်ဘဲ DMC websites နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု အလွန်ကာလတွင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်အတွက် ရင်းနှီးမျှတမှု ပုံစံမျိုးဖြင့်လုပ်ကိုင်မည်ဟုဆိုသည်။ Khiri Travel က "မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုအခြေအနေများကို အသိအမှတ်ပြုလက်ခံပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို သွားရောက်မယ့်သူများအတွက် ခရီးသွားလုပ်ငန်းများ စီစဉ်ပေးသင့်တယ်လို့ ယုံကြည်ထားတယ်။ ဒါဟာ ဒေသခံပြည်သူများရဲ့မျှော်လင့်ချက်နဲ့ ဝင်ငွေရရှိမှုနည်းပါးနေတာတွေကို ကူညီပေးနိုင်ဖွယ်ရှိပါတယ်။ မြန်မာနိုင်ငံကို ပြည်ပခရီးသွားများလာရောက်ဖို့ စီစဉ်ဆောင်ရွက်တာတွေက နစက နဲ့ သဘောတူညီမှုတွေရရှိခဲ့တယ်လို့ ပြောလို့မရဘူး" ဟု ပြောသည်။
Khiri Travel သည် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများအတွက် စီစဉ်ဆောင်ရွက်ပေးရာတွင် နေရာအကန့်အသတ်ဖြင့်သာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်လေး၊ ငပလီ၊ မြိတ်ကျွန်းစု စသော နေရာများကို ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာကဏ္ဍတို့မှ ကုမ္ပဏီ/လုပ်ငန်းများအတွက် ချေးငွေပြန်ဆပ်ရမည့် ကာလကို တစ်နှစ်သက်တမ်းတိုး
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း