မြန်မာနိုင်ငံရှိ အမျိုးသမီး(၉)သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အရေးပေါ်လိုအပ်နေဟု UN Myanmar ထုတ်ပြန်
ယွန်း (NSS) - နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံရှိ အမျိုးသမီးများ နှင့် မိန်းကလေးငယ်(၉)သန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း UN Myanmar မှ ထုတ်ပြန်ထားသည်။
United Nations Myanmar မှ ယနေ့(နိုဝင်ဘာလ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ကျား-မ အခြေပြုအကြမ်းဖက်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းတွင် ပျံ့နှံလျက်ရှိပြီး မြန်မာနိုင်ငံတွင် လက်ရှိ ရင်ဆိုင်နေရသည့် အရေးပေါ်အခြအနေများတွင်လည်း အကြမ်းဖက်မှုများ တိုးပွားလျက်ရှိကြောင်း UN Myanmar ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အရေးပေါ်လိုအပ်နေသည့် အမျိုးသမီး နှင့် မိန်းကလေး (၉ ဒသမ ၂)သန်းရှိပြီး လူဦးရေထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးစွာနေထိုင်ရကြောင်း သိရသည်။
ထို့ပြင် လွန်ခဲ့သည့် သုံးနှစ်အတွင်း အိုးအိမ်မဲ့နေထိုင်ရမှုများ မြင့်တက်လာခဲ့ပြီး ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာသူ (၂)သန်းကျော်ရှိရာ ၎င်းတို့အနက် (၅၃)ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် မိန်းကလေးများ ဖြစ်ကြောင်း UN Myanmar က ဆိုသည်။
ပြီးခဲ့သည့် (၂၀၁၄)ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက်(၁၀)နှစ်မှ (၁၉)နှစ်အတွင်း အမျိုးသမီးငယ် စုစုပေါင်း(၅)သန်းခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင်ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများသည် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့်တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင် နှင့် ချင်းပြည်နယ်တောင်ပိုင်းဒေသများကို ထိခိုက်လျက်ရှိနေပြီး လွန်ခဲ့သည့် တစ်လနီးပါး၌ စတင်ခဲ့သည့်တိုက်ပွဲများကြောင့် လူပေါင်း ၂၈၆,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာ ထွက် ပြေးမှုများလည်း ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့က ယူကရိန်းကို ရုရှားနှင့်ဆွေးနွေးမှုများလုပ်ဆောင်ရန် တွန်းအားပေးဖို့ကြိုပမ်းနေဟု သတင်းများထွက်ပေါ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ