အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့က ယူကရိန်းကို ရုရှားနှင့်ဆွေးနွေးမှုများလုပ်ဆောင်ရန် တွန်းအားပေးဖို့ကြိုပမ်းနေဟု သတင်းများထွက်ပေါ်
Pika (NSS) - နိုဝင်ဘာ ၂၅
အမေရိကန် နှင့် ဂျာမနီနိုင်ငံတို့သည် ရုရှားနှင့်ဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် ယူကရိန်းသမ္မတဇီလန်စကီးကို တွန်းအားပေးရန် တိတ်တဆိတ်ကြိုးပမ်းနေကြောင်း Bild သတင်းစာက ဖော်ပြခဲ့သည်။
ရုရှား နှင့် ဆွေးနွေးပွဲများလုပ်ဆောင်ရန် အနောက်အုပ်စုနိုင်ငံများက တွန်းအားပေးခြင်းမျိုးမရှိကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက လူသိရှင်ကြား ငြင်းဆိုထားသော်လည်း ယူကရိန်း၏အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ ဦးတည်သွားရန် လုပ်ဆောင်နေကြောင်း အခြားမီဒီယာအများအပြားက ဖော်ပြခဲ့သည်။ ရုရှားနှင့်အလားအလာရှိသော ဆွေးနွေးပွဲများ လုပ်ဆောင်ရန် နှင့် ကောင်းမွန်သော ဆွေးနွေးပွဲများဖြစ်လာစေရန်အတွက် ယူကရိန်းကို တွန်းအားပေးနိုင်ရန် ဂျာမနီနိုင်ငံက ကြိုးပမ်းနေကြောင်း အရင်းအမြစ်တစ်ခု၏ပြောဆိုချက်ကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။
သို့သော်လည်း ဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် ယူကရိန်းကို မည်သည့်နိုင်ငံကမှ ပွင့်ပွင့်လင်းလင်း တွန်းအားပေးမည်မဟုတ်ကြောင်း Bild ကဖော်ပြခဲ့သည်။ ထို့ပြင် အနောက်အုပ်စုနိုင်ငံများ၌ ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီချက်များမရရှိဘဲ ပဋိပက္ခကို ရပ်တန့်သွားစေမည့် အစီအစဉ်မရှိကြောင်း Bild က ရေးသားဖော်ပြထားသည်။ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးလ်၏ ရုံးသည် အဆိုပါအစီအစဉ်မျိုးမရှိကြောင်း ငြင်းဆိုခဲ့ပြီး ယူကရိန်းလိုအပ်နေသည့်အရာအားလုံးကို ဂျာမနီက ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
ပြီးခဲ့သည့်ဇွန်လကစတင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုအတွင်း သိသာသောရလဒ်များ မရရှိခဲ့ခြင်းသည် ၎င်း၏အနောက်အုပ်စုကျောထောက်နောက်ခံနိုင်ငံများထံ ကောင်းမွန်သော သတင်းစကားပေးပို့မှုတစ်ခု မဟုတ်ခဲ့ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ပြီးခဲ့သည့်ရက်ပိုင်းတွင် ဝန်ခံပြောဆိုခဲ့သည်။ ယူကရိန်း၏ မိတ်ဖက်နိုင်ငံများကြားတွင် ရုရှားနှင့်ဆွေးနွေးပွဲများလုပ်ဆောင်ရန် နှင့် အလားအလာရှိသော အပစ်အခတ်ရပ်စဲမှုများအတွက် ဆွေးနွေးပွဲများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရှိခဲ့ရကြောင်း ယူကရိန်း ၏ အမျိုးသားလုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး Aleksey Danilov က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုကျိုရှိ မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုတွင် စာရွက်စာတမ်းမပြည့်စုံသူနှင့် အဆက်အသွယ်မရသူ(၄ဝဝ) နီးပါးရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ