ဆေးဝါးလိုအပ်ချက်၏ (၁၅)ရာခိုင်နှုန်းအထိသာ ပြည်တွင်း၌ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ဟု စက်မှုဝန်ကြီးပြော
ယွန်း (NSS) - နိုဝင်ဘာ ၂၅
နိုင်ငံ၏ ဆေးဝါးလိုအပ်ချက်ကို (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိသာ ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှ ဖြည့်ဆည်းပေးနိုင်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုဝင်ဘာလ(၂၄)ရက်တွင် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက် ရုံ(အင်းစိန်) ဆေးဝါးသမိုင်းပြခန်းတွင် ကျင်းပခဲ့သည့် ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်းဆင်းပွဲအခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဆေးဝါးထုတ်လုပ်မှုအနေဖြင့် နိုင်ငံ၏ဆေးဝါးလိုအပ်ချက်ကို (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိသာ ဖြည့်ဆည်းပေးနိုင်ပြီး ကျန်လိုအပ်ချက်များကို ပြည်ပမှတင်သွင်းနေရကြောင်း ဒေါက်တာချာလီသန်းက အသိပေးပြောကြားထားသည်။
ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီရေးအတွက် ဆေးဝါးထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်နေပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုကိုလည်း ဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ဆေးဝါးအမျိုးမျိုးတို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆေးဝါးစက်ရုံ(အင်းစိန်)တွင်လည်း BPI Brand နှင့် BPI ဆေးဝါးများ၏ အရည်အသွေးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မြန်မာ-ရုရှား နှစ်နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထူးသဖြင့် ရောဂါဗေဒဆိုင်ရာလုပ်ငန်းများ၊ ခွဲစိတ်ကုသမှုအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းများ တင်သွင်းနိုင်ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာလ(၂၃) ရက်က နှစ်နိုင်ငံဆွေးနွေးမှုများဆောင်ရွက်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
PNLO အခြေပြုဒေသများသို့ စစ်ဘေးရှောင်များနေ့စဥ်ရောက်ရှိလာပြီး လာရောက်ခိုလှုံသူ ၉၀၀၀ ကျော်အထိရှိလာ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ