Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက ယနေ့၌ စစ်ရေးလေ့ကျင့်မည့်အကြောင်း နစကထံ အသိပေးအကြောင်းကြားထား

မျိုးကြီး (NSS) - နိုဝင်ဘာ ၂၅

မြန်မာ-တရုတ်နယ်စပ်ဒေတည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက ယနေ့(နိုဝင်ဘာလ ၂၅ ရက်)တွင် စစ်ရေးလေ့ကျင့်မည့်အကြောင်း နစကထံ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။


နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (နိုဝင်ဘာလ ၂၅ ရက်)တွင် မီဒီယာများကို အထက်ပါကဲ့သို့ အသိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး နှင့် နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် တရုတ်နိုင်ငံ၊ တောင်ပိုင်းစစ်ဒေသကြီး၏ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို မြန်မာ-တရုတ်နယ်စပ်ဒေသတွင် ယနေ့မှစ၍ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ (၂၅)ရက်နေ့မှာ စတင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လုပ်ဆောင်မယ့်နေရာကတော့ တရုတ်-မြန်မာနိုင်ငံ နယ် စပ်ဒေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေဒေသလုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်ဆိုတာကို မြန်မာနိုင်ငံဘက်ကို အကြောင်းကြားလာပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူဝါဒအပေါ်၌ ရပ်တည်လျက်ရှိပြီး မြန်မာ့တပ်မတော်နှင့်အတူ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကို အမြဲလက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းအကြောင်းကြားထားသည်ဟု နစကမှ ဆိုသည်။

“မြန်မာနိုင်ငံအနေနဲ့လည်း တရုတ်နိုင်ငံနဲ့အတူ ငြိမ်းချမ်းစွာတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်အပေါ်မှာ လိုက်နာပြီးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။

အလားတူ မကြာခင်အချိန်တွင်လည်း တရုတ်နိုင်ငံ၏ ရေတပ်စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်လည်ပတ်ရန်ရှိကြောင်း နစကဘက်ကမှ မီဒီယာများကို အသိပေးထားသည်။

ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်တွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် မြန်မာ-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများတွင် တိုက်ပွဲများ ဖော်ဆောင်ခဲ့သည်။

ထို့ကြောင့် မြန်မာ-တရုတ်နယ်စပ်ဒေသများ၌ တပ်မတော်နှင့် လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့တို့အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာဘက်ခြမ်းမှ ပစ်ခတ်သော လက်နက်အချို့ တရုတ်နိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲကာ တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆေးဝါးလိုအပ်ချက်၏ (၁၅)ရာခိုင်နှုန်းအထိသာ ပြည်တွင်း၌ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ဟု စက်မှုဝန်ကြီးပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved