BTS အဖွဲ့ဝင် RM ၊ ဂျင်မင်၊ V နဲ့ ဂျောင်ကွတ် စစ်မှုထမ်း ဝင်ရောက်
ရောင်နီ (NSS) - နိုဝင်ဘာ ၂၃
တောင်ကိုရီးယား ယောက်ျားလေး K-POP အဖွဲ့ BTS ရဲ့ နောက်ထပ် အဖွဲ့ဝင် လေးဦးဖြစ်တဲ့ RM၊ ဂျင်မင်၊ V နဲ့ ဂျောင်ကွတ်တို့ ၄ ဦးဟာ နိုင်ငံရှိ အသက်ပြည့်ပြီးသူ ယောင်္ကျားလေးတိုင်း လုပ်ဆောင်ရတဲ့စစ်မှုထမ်းခြင်း စတင်ဖို့ စီစဉ်ထားပါတယ်။
အခုဆိုရင် BTS အဖွဲ့ဝင် ခုနှစ်ဦးစလုံးဟာ တောင်ကိုရီးယားစစ်တပ်မှာ စစ်မှုထမ်းတော့မှာပဲဖြစ်ပါတယ်။ "RM၊ ဂျီမင်၊ V နဲ့ဂျောင်ကွတ် တို့ စစ်မှုထမ်းဖို့ စတင်လုပ်ဆောင်နေပြီဆိုတာကို ကျွန်တော်တို့ ပရိသတ်တွေကို အသိပေး ချင်ပါတယ်" လို့ BIGHIT Music မှ နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့တာပါ။
တောင်ကိုရီးယားမှာ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ ၁၈ လကြာ မဖြစ်မနေ စစ်မှုထမ်းဖို့ လိုအပ်ပါတယ်။ BTS အဖွဲ့ကို အသက် ၃၀ နှစ်အထိ စစ်မှုထမ်း တာဝန်ထမ်းဆောင်ခွင့် ရွှေ့ဆိုင်းဖို့ တောင်ကိုရီးယားပါလီမန်က ၂ဝ၂ဝ ပြည့်နှစ်က အတည်ပြုခဲ့တာပါ။
၂ဝ၂၂ ခုနှစ် အောက်တိုဘာလမှာတော့ အဖွဲ့ရဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် အသက် ၃ဝ နှစ်အရွယ် ဂျင်က စတင် စစ်မှုထမ်းခဲ့ပါတယ်။ အဲဒီနောက် ယခုနှစ်အစောပိုင်းမှာ အဖွဲ့ဝင် J-Hope နဲ့ Suga တို့ စစ်မှုထမ်းဝင်ခဲ့ကြပြီး အခု နောက်ဆုံးအဖွဲ့ဝင်တွေဖြစ်တဲ့ RM၊ ဂျင်မင်၊ V နဲ့ဂျောင်ကွတ်တို့က စစ်မှုထမ်းဝင်မှာဖြစ်ပါတယ်။
BTS အဖွဲ့ဟာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁ဝဝ ကျော်မှာ ကြီးပျယ်ခမ်းနားတဲ့ကျော်ကြားမှုတွေ ရရှိပိုင်ဆိုင်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှုန်း စံချိန်တင်မြင့်မားလာခဲ့ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ