အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှုန်း စံချိန်တင်မြင့်မားလာခဲ့ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ
Pika (NSS) - နိုဝင်ဘာ ၂၄
အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆောာင်သူများ စံချိန်တင်မြင့်မားလာခဲ့ကြောင်း နိုဝင်ဘာလ(၂၁)ရက်တွင် NBC က ထုတ်ပြန်လိုက်သည့် စစ်တမ်းတစ်ခုအရ သိရသည်။
အဆိုပါ စစ်တမ်းကိုဖြေဆိုသူများ၏ (၅၂)ရာခိုင်နှုန်းက ၎င်းတို့ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်စုရှိ လူတစ်ဦးဦးတွင် သေနတ်ပိုင်ဆိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။ အဆိုပါရာခိုင်နှုန်းသည် NBC က စစ်တမ်းကောက်ယူမှုများ ပြုလုပ်လာခဲ့သည့် ၁၉၉၉ ခုနှစ် နောက်ပိုင်းတည်းက အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် သေနတ်ကိုင်ဆောင်မှုနှုန်းသည် ပြီးခဲ့သည့်(၁ဝ) နှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ကြောင်း အဆိုပါစစ်တမ်း ထဲတွင် အကြံပြုပြောဆိုထားသည်။
၂ဝ၁၃ ခုနှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတွင် ဖြေဆိုသူများ၏(၄၂)ရာခိုင်နှုန်းက ၎င်းတို့ (သို့မဟုတ်) ၎င်းတို့ အိမ်ထောင်စုရှိ လူတစ်ဦးဦးတွင် သေနတ်ပိုင်ဆိုင်ကြောင်း ဖြေဆိုခဲ့ကြသည်။ ၂ဝ၁၉ ခုနှစ်က ပြုလုပ်သောစစ်တမ်း တွင် သေနတ်ပိုင်ဆိုင်ကြောင်းဖြေဆိုခဲ့ကြသူများမှာ (၄၉)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း သိရသည်။
၂ဝ၁၉ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့သော စစ်တမ်းနောက်ပိုင်း သေနတ်ပိုင်ဆိုင်ကြောင်း ဖြေဆိုခဲ့ကြသည့် လူမည်းများမှာ (၂၄)ရာခိုင်နှုန်းမှ (၄၁)ရာခိုင်နှုန်းထိ တိုးလာခဲ့ပြီး သေနတ်ပိုင်ဆိုင်ကြောင်း ဖြေဆိုခဲ့ကြသည့် လူဖြူ များမှာ (၅၃)ရာခိုင်နှုန်းမှ (၅၆)ရာခိုင်နှုန်းထိ တိုးလာခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသားများသည် သေနတ်ကိုင်ဆောင်မှုနှင့်ပတ်သက်ပြီး ဖြေဆိုခဲ့ကြသည့် အဓိကအကြောင်းပြချက် များထဲမှ တစ်ခုမှာ ကိုယ့်ကိုကိုယ် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အမေရိကန် နိုင်ငံတစ်ဝှမ်း အကြမ်းဖက်ရာဇဝတ်မှုနှုန်းများ တိုးမြင့်လာခြင်းသည် သေနတ်ပိုင်ဆိုင်ခွင့်များကို ပိုမိုတိုးမြင့်လာစေ သည့်အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်ကပြုလုပ်ခဲ့သောစစ်တမ်းတွင် ဖြေဆိုသူများ၏ (၈၈)ရာခိုင်နှုန်းက ရာဇဝတ်မှုများကို ကာကွယ်ရန် အတွက် သေနတ်များကို ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း ဖြေဆိုခဲ့ကြပြီး ၂ဝဝ၅ ခုနှစ်က ပြုလုပ်ခဲ့သည့် စစ်တမ်း ကောက်ယူမှုတွင် အလားတူဖြေဆိုခဲ့သူမှာ (၆၇)ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် သေနတ်ပိုင်ဆိုင်မှုနှုန်း အများဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လူများထက် သေနတ်ပိုများသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် သုတေသနပရောဂျက်ဖြစ်သော Small Arms Survey ၏ အဆိုအရ သိရသည်။ ထို့အပြင် အမေရိကန်နိုင်ငံသည် သေနတ်ဖြင့် သတ်ဖြတ်မှုနှုန်း အမြင့်ဆုံးရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အစုလိုက် အပြုံလိုက်ပစ်ခတ်မှုပေါင်း(၆ဝ၉)မှုထိ ဖြစ်ပွားခဲ့ကြောင်း Gun Violence Archive အဖွဲ့၏ အဆိုအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေးစစ်သားတွေသံုးနေတဲ့ MNDAA-TNLA ၊ MNDAA ရဲ့ ယွမ်(၃)သိန်းတန် ဝန်ဆောင်မှု၊ ကျင်စန်းကျော့ကားကွင်းပေါက်ကွဲမှု လက်သည်တရားခံ ဘယ်သူလဲ..? (၂၃-၁၁-၂ဝ၂၃)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ