မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့မျာကို တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရန်အတွက် ကြိုးပမ်းရန် ထိုင်းအစိုးရ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၄
ထိုင်းအစိုးရက မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် လက်နက်ကိုင်ပဋိပက္ခများတွင် ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့စည်းအားလုံးအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေးပြန်လည်ရရှိရန် ကြိုးပမ်းစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး Mongkol Visitstump က မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် တည်ငြိမ် ငြိမ်းချမ်းရေးဖော်ဆောင်ရန်လိုအပ်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုထားသည်။ ထိုင်းသံအမတ်ကြီးက "နိုင်ငံ နဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့၊ ထိုင်းနိုင်ငံနဲ့အခြားဒေသအတွင်း နိုင်ငံတွေဆီ အခက်အခဲပြဿနာတွေ ထပ်မံမကူးစက်စေဖို့ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုတွေကတဆင့် ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်လုပ်ဆောင်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့သိရသလောက်တော့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ အပါအဝင် တွေ့ဆုံဆွေးနွေးမှုများကနေ အမြင်ချင်းဖလှယ်ဆွေးနွေးရမှာဖြစ်တယ်။ ဘာမှမလုပ်တာထက်စာရင် ဒီကိစ္စက ပိုကောင်းပါတယ်။ အဲဒီလိုမျိုးမလုပ်ဆောင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အဓိကအခွင့်အရေးကောင်းတွေ လွှဲချော်သွားနိုင်တယ်။ တိုက်ပွဲတွေရပ်တန့်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အချက်နဲ့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးတွေ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတဲ့အချက်တွေ အဓိက အရေးကြီးတာကြောင့် တွေ့ဆုံဆွေးနွေးမှုမလုပ်နိုင်ဘူးဆိုရင် အခွင့်အရေးကောင်းတွေ လွှဲချော်သွားမယ်" ဟု ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် အာဆီယံသဘောတူညီမှုချက်ငါးချက်ကို အပြည့်အဝအကောင် အထည်ဖော်ရေး မြန်မာနိုင်ငံ၏အခက်အခဲများကို ဖြေလျော့နိုင်ရန်လုပ်ဆောင်နေပြီး လူသားချင်းဆိုင်ရာစာနာမှု အကူအညီလိုအပ်နေသူများကို ကူညီပေးလျက်ရှိနေကြောင်း ၎င်းက ပြောသည်။
ထိုင်းသံအမတ်ကြီးက မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့်တိုက်ပွဲများကြောင့်နေရပ်စွန့်ခွာရသူများအတွက် အာဆီယံလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့များမှ အကူအညီများပေးစေလိုကြောင်း၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးနှင့် စေ့စပ်ဆွေးနွေးရန် မြန်မာနိုင်ငံသို သွားရောက်စေလိုကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BTS အဖွဲ့ဝင် RM ၊ ဂျင်မင်၊ V နဲ့ ဂျောင်ကွတ် စစ်မှုထမ်း ဝင်ရောက်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ