Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန် မည်သည့်အခါမှ လက်လျှော့ခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း ရုရှားသမ္မတ ထုတ်ဖော်ပြော

Pika (NSS) - နိုဝင်ဘာ ၂၃

ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် မည်သည့်အခါမှ ငြင်းပယ်ခဲ့ခြင်း မရှိခဲ့ ကြောင်း နှင့် ယူကရိန်းကသာ အဆိုပါဆွေးနွေးပွဲများမှ လူသိရှင်ကြား နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။

အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အွန်လိုင်းမှ ပြုလုပ်ခဲ့သော G20 ထိပ်သီးအစည်းအဝေးတွင် ပူတင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်းအပေါ် ရုရှားက စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ထိတ်လန့်တုန်လှုပ်မိကြောင်း ပြောဆိုခဲ့သူများ၏ မှတ်ချက်များကို ပူတင်က ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ကြောင်းလည်း သိရသည်။ 

ပူတင်က "ဒီစစ်ပွဲဟာ လူတစ်ဦးချင်းစီ၊မိသားစုတစ်ခုချင်းစီ နဲ့ နိုင်ငံတစ်ခုလုံးအတွက် ဝမ်းနည်းစရာကိစ္စပါပဲ။ ဒီစစ်ပွဲ ကို ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရပါမယ်" ဟု ပြောခဲ့သည်။

ထို့အပြင် ရုရှားသည် ယူကရိန်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မည်သည့်အခါမှ ပယ်ချခဲ့ခြင်းမရှိခဲ့ကြောင်း ရုရှား နှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ခြင်းကို တားမြစ်သည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သူမှာ  ယူကရိန်း သမ္မတဇီလန်စကီးသာဖြစ်ကြောင်း ပူတင်က ပြောဆိုခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် ဇီလန်စကီးသည် ပူတင်က ရုရှားသမ္မတဖြစ်နေသရွေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင် ခြင်းကို တားမြစ်သည့်အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူကရိန်း၏ တန်ပြန် ထိုးစစ်ဆင်မှုများအတွင်း သိသာထင်ရှားသော ရလဒ်များ မရရှိခဲ့ခြင်းသည် ယူကရိန်း၏ အနောက်အုပ်စု ကျောထောက်နောက်ခံနိုင်ငံများထံ ကောင်းမွန်သောသတင်းစကား ပေးပို့မှုတစ်ခုမဟုတ်ခဲ့ကြောင်း ဇီလန်စကီးက ဝန်ခံပြောဆိုခဲ့ပြီးနောက် ရုရှားသမ္မတပူတင်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယူကရိန်းသည် နိုဝင်ဘာလတစ်လအတွင်းတွင် တပ်ဖွဲ့ဝင်(၁၃၇ဝဝ) ကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ(၂၁) ရက်တွင် ခန့်မှန်းပြောခဲ့သည်။ ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုများ  စတင် လုပ်ဆောင်ခဲ့သည့် ဇွန်လမှစတင်ပြီး လက်ရှိအချိန်အထိ တပ်ဖွဲ့ဝင်(၉)သောင်းကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ပြီးခဲ့သည့်လတွင် ထုတ်ပြန်ခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသား အနည်းဆုံး(၃ဝ)ဦးခန့် ပိတ်မိနေဆဲဟု ယုံကြည်ကြောင်း ထိုင်း အစိုးရပြော

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved