မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသား အနည်းဆုံး(၃ဝ)ဦးခန့် ပိတ်မိနေဆဲဟု ယုံကြည်ကြောင်း ထိုင်း အစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၃
မြန်မာနိုင်ငံ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လောက်ကိုင်မြို့တွင် ထိုင်းနိုင်ငံသား အနည်းဆုံး(၃ဝ)ဦးခန့် ပိတ်မိနေဆဲဟု ယုံကြည်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်းအာဏာပိုင်များသည် မြန်မာနိုင်ငံတွင်းရှိ တိုက်ပွဲများဖြစ်ပွားနေသော နေရာများတွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသား(၃ဝဝ)ခန့်ကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းကာ မြန်မာနိုင်ငံတွင်းမှ ကယ်ထုတ်နိုင်ခဲ့ကြောင်းလည်း သိရသည်။
လောက်ကိုင်မြို့တွင် ပိတ်မိနေနိုင်ဖွယ်ရှိသည့် လူများထဲတွင် မလေးရှားနှင့် ဖိလစ်ပိုင်နိုင်ငံသားတို့ကဲ့သို့သော အခြားနိုင်ငံသားများလည်း ပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းတို့အားလုံး သည် အစားအစာ၊ သောက်သုံးရေပြတ်လပ်မှုများ နှင့် ကြုံတွေ့နေရကြောင်း ထိုင်းအာဏာပိုင်များက ပြောခဲ့သည်။
ပြီးခဲ့သည့်(၆)လခန့်က မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် သွားရောက်ခဲ့သော အသက်(၂၆)နှစ်အရွယ် သားဖြစ်သူသည် အသက်ရှင်ခြင်း ရှိ/မရှိဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေး ကြောင်း Polpisit ဟု အမည်ရသည့် ထိုင်းအမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ၎င်း၏ သားဖြစ်သူသည် နိုဝင်ဘာလ(၂ဝ)ရက်တွင် တရုတ်နိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်ကို သိရှိခဲ့ရကြောင်း Polpisit က နောက်ပိုင်းတွင်ပြောကြားခဲ့ သည်။
ထို့အပြင် ၎င်း၏ သားဖြစ်သူသည် မြန်မာနိုင်ငံ လောက်ကိုင်မြို့တွင်ရှိသော အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် သွေးဆောင်ဖြားယောင်းခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း Polpisit က ပြောခဲ့သည်။
Polpisit က "အလုပ်ရှင်တွေဟာ ကျွန်တော့်ရဲ့သားကို သတ်ဖြတ်ပြီး ကျောက်ကပ်တွေကို ရောင်းပစ်လိုက်ပြီဆိုပြီး တောင် တွေးခဲ့မိတာပါ။ ကျွန်တော့်သားရဲ့အရိုးတွေက နောက်ဆုံးပြန်ရမယ့်အရာတစ်ခုလို့တောင် ထင်ခဲ့တာပါ။ ဒါပေမယ့် သူက အခုချိန်မှာတော့ ဘဝသစ်စတင်ဖို့ ဒုတိယအကြိမ်အခွင့်အရေးရသွားပါပြီ။ သူလောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့အချိန် ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ကျွန်တော်တကယ် မသိပါဘူး" ဟု ပြောခဲ့သည်။
လက်ရှိအချိန်တွင် လောက်ကိုင်မြို့သည် မြန်မာ့တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများပြင်းထန် စွာဖြစ်ပွားနေသည့်နေရာတစ်ခုဖြစ်သည်။ ထို့အပြင် ထိုင်းအစိုးရသည် ဆိုက်ဘာ ရာဇဝတ်မှုအခြေအနေများကို ဆက်လက်စုံစမ်းစစ်ဆေးနေပြီး မြန်မာနိုင်ငံအတွင်းတွင် ပိတ်မိနေနိုင်ဖွယ်ရှိသည့် ၎င်း၏ နိုင်ငံသားများကို ဘေးကင်းသည့်နေရာများသို့ ရွှေ့ပြောင်းကယ်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ နိုဝင်ဘာလ ၂၃ ရက်အတွင်း ဖြစ်ပွားခဲ့သည့် မြန်မာ့နိုင်ငံရေးသတင်းများနှင့် နိုင်ငံတကာသတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ