တရုတ်နိုင်ငံရှိ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
ကလေးငယ်တွေမှာ နမိုးနီးယားရောဂါ အပါအဝင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုတိုးမြင့်လာခြင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သတင်းအချက်အလက်တွေမျှဝေပေးဖို့ တရုတ်အစိုးရကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
တရုတ်ကျန်းမာရေးကော်မရှင်သည် နိုဝင်ဘာ ၁၃ ရက်က တရုတ်နိုင်ငံအတွင်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူအရေအတွက်များလာခြင်းကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကလေးငယ်တွေမှာ အမျိုးအမည်မသိ နမိုးနီးယားရောဂါအသစ် ထပ်မံဖြစ်ပွားနေ ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ တရုတ်အာဏာပိုင်များထံကနေ စမ်းသပ်မှုရလဒ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ ကူးစက်နိုင်မှုအခြေအနေများကို တိုက်တွန်းတောင်းဆိုပေးစေလိုကြောင်း ProMED အဖွဲ့က ပြောပါတယ်။
အဆိုပါအဖွဲ့ဟာ ကမ္ဘာတဝန်းရှိ ကူးစက်ရောဂါဖြစ်ပွားမှုအခြေအနေများကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့အစည်း ဖြစ်ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကိုဖြေလျော့ပေးခဲ့ပြီးနောက် ပထမဆုံး ဆောင်းရာသီ ကိုဖြတ်သန်းရတော့မှာဖြစ်ရာ အသက်ရှုလမ်းကြောင်းရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာခြင်းတွေနဲ့ ရင်ဆိုင်နေရပြီး ကလေးတွေမှာ အဖြစ်များနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံ ပေကျင်းဆေးရုံက အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုဟာ ကလေးငယ်တွေမှာအဖြစ်များနေပြီး အရွယ်ရောက်ပြီးသူအားလုံးရဲ့ ၆ ရာခိုင်နှုန်းသာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားပေမယ့် ကလေးငယ်တွေမှာတော့ အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု ၄ဝ ရာခိုင်နှုန်းရှိနေကြောင်း ဆိုပါတယ်။
အသက် ၃ နှစ်နဲ့ ၇ နှစ်အတွင်းရှိ ကလေးငယ်တွေမှာ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာနေကြောင်း တရုတ်နိုင်ငံ ပေကျင်းဆေးရုံရဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုသရေးစင်တာက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
USDP ပါတီ၏ အောင်လံခရိုင်အတွင်းရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ