ပြည်သူ့ရင်ပြင်၌ကျင်းပမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော် နှင့် ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၄၅၀)ကျော် ပြသရောင်းချမည်
စော (NSS) - နိုဝင်ဘာ ၂၃
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၄၅၀)ကျော် ပြသရောင်းချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ထားသည်။
ပြည်သူ့ရင်ပြင်တွင် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်နှင့် မီးထွန်းပွဲတော်ကို လာမည့် နိုဝင်ဘာလ (၂၅)ရက်မှ (၂၇)ရက်အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းရှိ စက်မှုဇုန်များမှ လုပ်ငန်းရှင်များအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ၊ ဆန်၊ ဆီ အရောင်းဆိုင်များနှင့် တိုင်း/ပြည်နယ်များမှ ထုတ်ကုန်ပစ္စည်းများကိုလည်း ဆိုင်ခန်းပေါင်း (၄၅၅)ခန်းဖြင့် ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ နေ့စဉ် E-Sport Game ပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနှင့် ဟာသပညာရှင်များ၊ ဆက်ကပ်၊ မျက်လှည့်၊ Dancer များမှလည်း ဖျော်ဖြေတင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်တွင် မီးရှူးမီးပန်း ပစ်ဖောက်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ညအချိန်ကို ပွဲလာတဲ့လူတွေ ညအပြန်အဆင်ပြေဖို့ သီးခြားဆောင်ရွက်ထားမှာဖြစ်ပါတယ်။ နေခင်းကတော့ YBS ယာဉ်တွေ ပုံမှန်အတိုင်း သွားလာနေကြမှာဖြစ်ပါတယ်။ ပုံမှန်ယာဉ်စီးခအတိုင်းကောက်ခံသွားမှာဖြစ်ပါတယ်။ ည (၁၀)နာရီ ၊ (၁၀)ခွဲဝန်းကျင်လောက်ပြေးဆွဲမှာပါ”ဟု YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NSS ကို ပြောသည်။
ပွဲတော်အတွင်း YBS 21, YBS 61, YBS 37, YBS 36, YBS 62, YBS 7 နှင့် YBS 8 ယာဉ်လိုင်းများသည် သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲသွားမည်ဖြစ်ပြီး Mini Bus ယာဉ်များလည်း စီစဉ်ထားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ လာရောက်သူများအား သွားလာရလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကို စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံရှိ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ