အရှေ့တရုတ်ပင်လယ်အတွင်းကို မြောက်ကိုရီးယားနိုင်ငံရဲဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
မြောက်ကိုရီးယားနိုင်ငံဟာ နိုဝင်ဘာလ ၂၂ရက်က အရှေ့တရုတ်ပင်လယ်အတွင်းကို အမျိုးအမည်မသိတဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားဟာ နိုဝင်ဘာလ ၂၂ ရက်၊ ညပိုင်း ၁၁နာရီကျော်မှာ ဆူနန်ဒေသကနေ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်ဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ပြောဆိုခြင်းမျိုးမရှိခဲ့ပါဘူး။ မြောက်ကိုရီးယားဟာ နိုဝင်ဘာလ ၂၁ ရက်၊ ညပိုင်းက စစ်ဘက်သုံးစပိုင်ဂြိုလ်တုတစ်စင်းကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီး နောက် ပဲ့ထိန်းဒုံးကျည် ထပ်မံစမ်းသပ်ခဲ့ရာအောင်မြင်မှုမရခဲ့ကြောင်းသိရပါတယ်။
တောင်ကိုရီးယား စစ်ဘက်နဲ့ အမေရိကန်ထောက်လှမ်းရေးတို့ဟာ မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ် လိုက်တဲ့ ဒုံးကျည်နဲ့ပတ်သက်ပြီး လေ့လာသုံးသပ်နေကြောင်း ယွန်ဟတ်သတင်းဌာနကဖော်ပြထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ တင်းမာမှုတွေဖြစ်လာချိန်မှာဒုံးကျည်စမ်းသပ်မှုတွေ မကြာခဏလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ တောင်ကိုရီးယားနဲ့အမေရိကန်နိုင်ငံတို့ဟာ မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ မကြာခဏလုပ်ဆောင်လာခဲ့ပြီးနောက်ပူးတွဲ စစ်ရေးလေ့ကျင့်ခန်းများမကြာခဏလုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။
မြောက်ကိုရီးယားအစိုးရက အမေရိကန် နဲ့ တောင်ကိုရီးယားတို့ပြုလုပ်နေတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများဟာ ၎င်းတို့နိုင်ငံအပေါ် ကျူးကျော်ဖို့ ပြင်ဆင်နေခြင်းမျိုးဖြစ်ကြောင်းဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုဂံဒေသ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ