ပုဂံဒေသ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြား
ယွန်း (NSS) - နိုဝင်ဘာ ၂၃
ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည်သည့် လာရောက်လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြားကြောင်း ပုဂံရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူးက ပြောသည်။
ယခုနှစ်(၂၀၂၃ ခုနှစ်)၌ ပုဂံဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားလာရောက်လည်ပတ်မှုသည် ယခင်နှစ်(၂၀၂၂ ခုနှစ်)ထက် သိသာစွာများပြားခဲ့ကြောင်း ၎င်းက သုံးသပ်ပြောကြားထားသည်။
“တန်ဆောင်တိုင်ကာလကျောင်းပိတ်ရက်တွေမှာ ပုဂံဒေသကို လာရောက်တဲ့သူများမှာ။ မနှစ်က ဒီလိုအချိန်မှာ ဧည့်သည်က ဒီလောက်မဝင်ဘူး၊ လည်ပတ်မှုနည်းတယ် ဧည့်သည်လည်းသိပ်မရှိဘူး။ ဒီနှစ်ကတော့ တဖြည်းဖြည်းများများလာတယ်။ လစဥ်ဝင်ရောက်တဲ့ခရီးသွားတွေဆိုရင်လည်း အရင်နှစ်ကထက်ပိုများလာတယ်”ဟု ညွှန်ကြားရေးမှူး ဦးမြင့်သန်းက NSS ကို ပြောသည်။
ပုဂံဒေသအတွင်း ပြည်ပခရီးသွား လာရောက်လည်ပတ်ရာတွင် ပုဂံဒေသ၏အလှကို ဝေဟင်မှကြည့်ရှုနိုင်သည့် မိုးပျံပူဖောင်းစီးနင်းမှုများကိုလည်း စိတ်ဝင်စားမှုရှိနေကြောင်း သိရသည်။
သို့သော် လက်ရှိကာလတွင် မိုးပျံပူဖောင်းကုမ္ပဏီများအနေဖြင့် ယခင်ကာလများထက် ပျံသန်းမှုလျော့နည်းလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
“မိုးပျံပူဖောင်းကိုလည်း စိတ်ဝင်စားမှုများကြပါတယ်။ ဒါပေမယ့်အရင်လောက်တော့ မပျံရဘူး။ ဧည့်သည်ပေါ်မူတည်ပြီး ပျံရတာဆိုတော့ အရင်လောက်တော့ အလုံးရေများများတော့ မပျံရဘူး။ စီးတဲ့သူတွေလည်းရှိနေပါတယ်”ဟု ဦးမြင့်သန်းက ပြောသည်။
လက်ရှိတွင် မိုးပျံပူဖောင်းကုမ္ပဏီသုံးခုမှ ဝန်ဆောင်မှုပေးလျက်ရှိပြီး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများ အပြင် ဟိုတယ်များနှင့်ချိတ်ဆက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို မိုးပျံပူဖောင်းစီးနင်းနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ပုဂံဒေသ၌ ပြီးခဲ့သည့်သီတင်းကျွတ် ရုံးပိတ်ရက်ကာလအတွင်း တစ်ရက်လျှင် ဘုရားဖူး ငါးသောင်းကျော်မှ တစ်သိန်းခွဲကျော်အထိ လာရောက်လည်ပတ်ခဲ့ပြီး ယခုတန်ဆောင်တိုင်ကာလတွင်လည်း ခရီးသွားဧည့်သည်များပြားနိုင်ကြောင်း သုံးသပ်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေဘိုမြို့နယ်၌ PDF အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း