ကျောင်းသား/သူများ၏ ကိုယ်ရေးအချက်အလက်များတောင်းခံမှုမရှိဟုဆို
Pearl (NSS) - နိုဝင်ဘာ ၂၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံမှုမရှိကြောင်း နစက က ယနေ့ (နိုဝင်ဘာလ ၂၃ရက်) တွင် တုံ့ပြန်ပြောဆိုထားသည်။
အစိုးရအနေဖြင့် CDM ကျောင်းသားများ စာရင်းသိလိုခြင်း၊ ကျောင်းသားများကို လူသားတံတိုင်းအဖြစ် ဆောင်ရွက်လိုခြင်း နှင့် CDM ကျောင်းသားများ ကျောင်းပြန်တက်စေချင်လိုခြင်းတို့ကြောင့် ပုဂ္ဂလိကကျောင်းများ၏ အတန်းလိုက်ကျောင်းသားဦးရေအတိုးအလျော့စာရင်း၊ အမည်စာရင်းနှင့် ကျောင်းများ၏ ဘဏ္ဍာရေးဆိုင်ရာ ကောက်ခံစာရင်းများပေးရန် ထုတ်ပြန်ထားသည်ဟု ကောလာဟလသတင်းများ တွေ့ရှိရကြောင်း နစကမှ ဆိုသည်။
"ကျွန်မတို့ ကျောင်းမှာ အဲဒီလိုမျိုး တောင်းတာတွေမရှိဘူး။ ညွှန်ကြားစာလည်း မရပါဘူး" ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ကျောင်းတစ်ကျောင်း၏ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယင်းသို့ ကောလာဟလများထုတ်လွှင့်ခြင်းသည် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုပမ်း ဆောင်ရွက်နေမှုများအပေါ် ကျောင်းသားမိဘများက အထက်အမြင်လွဲမှားလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း နစကဘက်က တုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တရုတ်ပင်လယ်အတွင်းကို မြောက်ကိုရီးယားနိုင်ငံရဲဒုံးကျည်ပစ်လွှတ်မှု မအောင်မြင်ခဲ့ဟု တောင်ကိုရီးယားစစ်ဘက်ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း