သိန္နီမြို့ပတ်ဝန်းကျင်ရှိ တိုက်ပွဲနေရာများသို့ သွားရောက်ကာ ရိက္ခာများသယ်ယူပါက အန္တရာယ်ရှိနိုင်သဖြင့် သွားလာခွင့်အား ခေတ္တပိတ်ထားခြင်းသာဖြစ်ဟု နစက အသိပေး
Pearl (NSS) - နိုဝင်ဘာ ၂၃
တိုက်ပွဲရှောင်နေသော ဒေသခံများအနေဖြင့် သိန္နီမြို့ပတ်ဝန်းကျင်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ သွားရောက်ကာ ရိက္ခာများသယ်ယူပါက အန္တရာယ်ရှိနိုင်သည့်အတွက် အဆိုပါနေရာများသို့ သွားလာခွင့်အား ခေတ္တပိတ်ထားခြင်းသာဖြစ်ကြောင်း နစကဘက်က ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) တွင် အသိပေး ထုတ်ပြန်ထားသည်။
လူမှုကွန်ရက်စာမျက်နှာများ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန္နီမြို့၊ ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် တိုက်ပွဲရှောင် ဒေသခံတစ်ထောင်ကျော်ပိတ်မိနေပြီး အဆိုပါနေရာသို့ ရိက္ခာတင်သွင်းခွင့်ကို တပ်မတော်က ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် နစကဘက်က အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သိန္နီမြို့ပတ်ဝန်းကျင်တွင် လက်နက်ကိုင်အကြမ်းဖက်များ ဖြန့်ခွဲလှုပ်ရှားကာ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံများသည် သိန္နီမြို့အတွင်းသို့ တိုက်ပွဲရှောင်ရန် လာရောက်ခဲ့ကြကြောင်း နစကဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲရှောင်နေသော ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ သွားရောက်ကာ ရိက္ခာများသယ်ယူပါက အကြမ်းဖက်အဖွဲ့၏ပစ်ခတ်မှုများကြောင့် အန္တရာယ်ရှိသည်ဟု နစက မှဆိုသည်။
ထို့ကြောင့် တပ်မတော်မှတိုက်ပွဲဖြစ်ပွားရာ နေရာများသို့ သွားလာခွင့်အား ခေတ္တတားမြစ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ပဲခူးတိုင်း၊ ပြည်မြို့တွင် စစ်မှုထမ်းဟောင်းများကို နိုဝင်ဘာလ ၂၀ ရက်တွင် အစည်းအဝေးခေါ်ယူပြီး ပြန်လွှတ်မပေးဘဲထိန်းသိမ်းထားကြောင်း စစ်မှုထမ်းဟောင်းမိသားစုများ နှင့် နီးစပ်သူများထံမှသိရသည်ဟု သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများ၌ ဖော်ပြလျက်ရှိကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၀ ရက်တွင် ပြည်မြို့၌ စစ်မှုထမ်းဟောင်းများကို အစည်းအဝေးခေါ်ယူခြင်းမရှိဘဲ ယခုလအတွင်း ခေါ်ယူတွေ့ဆုံခြင်းများလည်း (လုံးဝ) လုံးဝမရှိကြောင်း နစကမှ တုံ့ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုခါမုန်တိုင်းဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် လာအိုနိုင်ငံအပါအဝင် ပုဂ္ဂလိက ကဏ္ဍတို့မှ အလှူငွေများ လှူဒါန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း