နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် မြိုတိုင်းရင်းသားပါတီ၏ တောင်းဆိုမှုကို UEC ခွင့်ပြု
Pearl (NSS) - နိုဝင်ဘာ ၂၃
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် မြိုတိုင်းရင်းသားပါတီ၏ တောင်းဆိုမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ယမန်နေ့ (နို၀င်ဘာလ ၂၂ ရက်)တွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မြိုတိုင်းရင်းသားပါတီသည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ဖျက်သိမ်းပေးရန် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်နှင့်အတူ UEC ထံတင်ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့သို့ တင်ပြခြင်းနှင့်ပတ်သက်၍ နို၀င်ဘာလ(၂၂)ရက်တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၉ ပုဒ်မခွဲ(က)နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက် သိမ်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ထားသည့် မြိုတိုင်းရင်းသား ပါတီအား နိုဝင်ဘာလ (၂၂)ရက်မှစတင်၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀)ရက်တွင်လည်း ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်ခွင့်ပြုပြီးနောက် ရက်ပေါင်း(၉၀)အတွင်း ပါတီဝင်ဦးရေ(၁၀၀၀)ပြည့်မီရန် စည်းရုံးနိုင်ခြင်းမရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း UEC က ကြေညာထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သိန္နီမြို့ပတ်ဝန်းကျင်ရှိ တိုက်ပွဲနေရာများသို့ သွားရောက်ကာ ရိက္ခာများသယ်ယူပါက အန္တရာယ်ရှိနိုင်သဖြင့် သွားလာခွင့်အား ခေတ္တပိတ်ထားခြင်းသာဖြစ်ဟု နစက အသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ