အစ္စရေးအစိုးရက ပြန်လွှတ်ပေးဖို့ စီစဉ်ထားတဲ့ ပါလက်စတိုင်းအကျဉ်းသား (၃၀၀)စာရင်းကို ထုတ်ပြန်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
အစ္စရေးနိုင်ငံဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ ယာယီအပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရ ပြန်လွှတ်ပေးဖွယ်ရှိနေတဲ့ ပါလက်စတိုင်းအကျဉ်းသားလူပေါင်း ၃၀၀ ရဲ့အမည်စာရင်းကို ထုတ်ပြန်လိုက်ပြီး အဲဒီအမည်စာရင်းထဲကနေ ၁၅၀ ဦးကို ပထမအသုတ်အဖြစ် ပြန်လွှတ်ပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာလ ၇ ရက်က တိုက်ခိုက်ခဲ့ပြီးနောက် ဖမ်းဆီးထားသူများအနက်က အနည်းဆုံး ၅၀ ကျော်ကိုပြန်လွှတ်ပေးမယ်ဆိုရင် အစ္စရေးကလည်း ၎င်းတို့အကျဉ်း ထောင်တွေရှိ ပါလက်စတိုင်းလူမျိုး ၁၅၀ ကျော်ကိုကနဦး ပြန်လွှတ်ပေးမှာဖြစ်ကြောင်း အစ္စရေး တရားရေးဝန်ကြီးကပြောပါတယ်။ ၄ ရက်ကြာ အပစ်ခတ်ရပ်စဲရေးသဘောတူညီမှုအရ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူ အနည်းဆုံး ၅၀ လွှတ်ပေးရမှာဖြစ်ပြီး အစ္စရေးက အကျဉ်းထောင်တွေရှိ ပါလက်စတိုင်းလူမျိုး ၁၅၀ ကျော် ပြန်လွှတ်ပေးရှိနေပါတယ်။ အစ္စရေးအစိုးရက ပြန်လွှတ်ပေးမယ့် လူပေါင်း ၁၅၀ ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။
အစ္စရေးအစိုးရကပြန်လွှတ်ပေးဖို့ ထုတ်ပြန်ခဲ့တဲ့ လူပေါင်း ၃၀၀ စာရင်းထဲမှာ ၂၈၇ ဦးက အသက် ၁၈နှစ်အောက် အမျိုးသားများဖြစ်ပြီး အခြား ၁၃ ဦးက အရွယ်ရောက်ပြီးသား အမျိုးသမီးတွေဖြစ်ကြောင်းသိရပါတယ်။ အဲဒီအမျိုးသမီးတွေဟာ အကြမ်းဖက် ဓါးနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့အတွက် ဖမ်းဆီးခံရတာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးဟာ အကျဉ်းသားလဲလှယ်ရေးပထမအဆင့်မှာ ပါလက်စတိုင်းလူမျိုး ၁၅၀ လွှတ်ပေးဖို့ စီစဉ်ထားပြီး ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူနောက်ထပ် ၅၀ ထပ်မံလွှတ်မယ်ဆိုရင်အစ္စရေးဘက်က နောက်ထပ် ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁၅၀ ထပ်မံလွှတ်ပေးဖွယ်ရှိနေပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ဟားမက်စ်အုပ်စုကြားအပစ်ခတ်ရပ်စဲရေးဟာ ရက်ပေါင်း ၁၀ အထိ သက်တမ်းတိုးခွင့်ရမှာဖြစ်ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျင်စန်းကျော့ဂိတ်အနီးရှိ 7-ဟွာကျင်းကားဝန်းကို TNLA ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်၊ ကုန်တင်ကားစီးရေ (၄၀)ခန့် မီးလောင်ပျက်စီး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ