Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လုံခြုံမှုအကင်းမဲ့ဆုံးနှင့် စီးပွားရေး ချွတ်ခြုံကျ တိုင်းပြည်ဖြစ်ရခြင်း အကြောင်းရင်းများ

Htay Oung (NSS) - နိုဝင်ဘာ ၂၃ 

နိုင်ငံတစ်နိုင်ငံရဲ့အရပ်ရှစ်မျက်နှာအနှံ့ လုံခြုံရေး- အုပ်ချုပ်ရေးစည်း ကျိုးပေါက်နေရခြင်းကို ဆန်းစစ်ကြည့်တဲ့အခါ (၁) #အုပ်ချုပ်မှုအရည်အချင်း_ကင်းမဲ့ခြင်း (၂) #စီမံခန့်ခွဲမှု လွဲမှားခြင်းကို တွေ့ရှိရတယ်။ အဲဒါနဲ့ထပ်ချပ်မကွာ တွဲဖက် အတူပါဝင်လာခြင်းက (၃) #အဂတိလိုက်စားခြင်း ဖြစ်နေဖြစ်နေတယ်။

နယ်မြေဒေသတစ်ခုမှာ လုံခြုံနေပြီ၊ ဘေးကင်းနေပြီ အခုလောလောဆယ်ဖြစ်နေတာတွေဟာ အသေးအဖွဲ့သာဖြစ် ကြောင်း သက်ဆိုင်ရာဘာ့ကြောင့် အဆင့်ဆင့် တင်ပြကြ အစီရင်ခံကြလိမ့်မယ်။  အဲဒီလိုလိမ်ရသလဲဆိုတာ ကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။


ဥပမာ - အလားတူ ကုန်သွယ်ရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး စသည်ဖြင့် စီမံအုပ်ချုပ်မှုကဏ္ဍအသီးသီးမှာ နိုင်ငံ အဆင့် စီမံကိန်းတစ်ခုချင်းစီအတွက် ကုန်သည်၊ ပုဂ္ဂလိက ဖြစ်စေတို့နဲ့ စာချုပ် ချုပ်တဲ့အခါ တစ်ဖက်က ငွေပုံပေးပြီး သူ့ဘက်က အသာစီးနဲ့ တစ်ဖက်သပ် အခွင့်အရေးယူသွားတယ်။

အောက်ခြေမှာတော့ နောက်မှ နောက်ရောက်ရာပဲ၊ ဖြစ်ချင်တာဖြစ် ကြည့်ရှင်းကြပေါ့။

ဒါမျိုးဖြစ်လို့ မကျေနပ်လဲ တိုင်ဖို့ တောဖို့ မဖြစ်နိုင်ဘူး။ တော်ရုံနဲ့အပေါ်ကို မရောက်၊ လူယုံဖြစ်နေလဲမရောက်ဖူး၊ အဲဒီလိုလုပ်နေသူဟာ အာဏာအရှိဆုံးလူနဲ့ တိုင်လို့လဲ သူ့အထက်လူကြီးက လက်ခံမှာမဟုတ်ဖူး။ 


တိုင်မိ တောမိရင် ကိုယ်သာ လွင့်သွား ဒုက္ခရောက်သွားလိမ့်မယ်။ အဆင်မသင့်ရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်တယ်။

ယုံကြည်စိတ်ချရမှုသက်သက်နဲ့ တာဝန်ပေးခံရသူဟာ အရည်အချင်းရှိလို့ လုပ်တတ်ကိုင်တတ်လို့ မဟုတ်ဘဲ  ကိုယ်ကျိုးရှာသမားလှည့်ဖျားးဖြစ်နေရင်၊ သူ့ကုလားထိုင်နေရာလေး ပျောက်မသွားရအောင် အမျိုးမျိုးလိမ်လည်  အစီရင်နေလိမ့်မယ်။ ဒီအတော်အတွင်း မိုးရွာတုန်းလေး ရေခံပါတယ်။

ဆိုတော့ကာ အခွင့်အရေး ချောင်းနေသူ ဝိသမလောဘသမားတို့ကလည်း  #ငွေပေးပြီး_အစိုးရနှစ်ရပ်အဖြစ်_ ဖန်တီးပစ်လိုက်ကြတယ်။

#ဒုစရိုက်နဲ့_ပုန်ကန်ခြားနားမှုများကို #နှိမ်နင်းတာကလည်း_သူတို့  

#ခွင့်ပြုထားတာကလည်း_သူတို့ပဲဖြစ်နေတယ်။

ဒီလိုနည်းနဲ့ ၂ဝဝ၇- ၂ဝ၂၃ ခုနှစ် အချက်အလက်များအရ ယူကရိန်းဆို အိမ်နီးချင်း အင်အားကြီး ရုရှားနဲ့ စစ်ခင်းရတဲ့ အထိ ကမ္ဘာ့လုံခြုံမှုအကင်းမဲ့ဆုံး တိုင်းပြည်ဖြစ်သွားတယ်။ လူ့အဖွဲ့အစည်းကြီးအတွင်း အာဏာရှိ- အာဏာမဲ့နဲ့ ဆင်းရဲ-ချမ်းသာ လူတန်းစား အရမ်းကွာခြားတယ်။

သူ့ရဲ့နောက်မှာ အာဖဂန်နစ္စတန်၊ မာလီ၊ လစ်ဗျား၊ ဆိုမာလီ၊ ဆီးရီးယား၊ ဘူကီနာဖာဆို၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယားတို့ ကို အစဉ်အလိုက်တွေ့ရတယ်။ #သတိထားကြည့်ရင်_အဲဒီတိုင်းပြည်အချို့မှာ #ပြည်တွင်းစစ်နဲ့_ဒွန်တွဲ #နေ ကြောင်း_တွေ့ရလိမ့်မယ်။ 

 #လက်နက်ကိုင်တဲ့အရသာကို_သိသွားကြသူတွေကလည်း #ဘယ်တော့မှ #လက်နက်စွန့်ကြခြင်း_ #အကြောင်း အမျိုးမျိုးပြပြီး #စစ်ကိုသာ_ဖန်တီးနေကြတယ်။

လုံခြုံရေးကင်းမဲ့သွားတဲ့နယ်မြေမှာ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ချက်လုပ်ဖြန့်ဖြူးခြင်းဖြင့် နိုင်ငံတကာ အမြင်မှာလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်ရတယ်။ 

လူမျိုးစုအရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင်နဲ့သီးခြားနယ်မြေလွတ်မြောက်ရေးကို ခေါင်းစဉ်တပ်ထားတော့ ကုလသမဂ္ဂ အပါအဝင် ပြည်ပနိုင်ငံများအနေနဲ့ ကူညီဖြေရှင်းဖို့ အရမ်းရှုတ်ထွေးသွားတယ်။ #လူကုန်ကူးခြင်း _ငွေကြေး မသမာမှု_အကြမ်းဖက်မှု_လက်နက်မှောင်ခိုခြင်း အပါအဝင် မကောင်းမှုအမျိုးမျိုးတို့နဲ့ #ဒုစရိုက်သမားတို့ရဲ့_ သုခဘုံတိုင်းပြည်ဖြစ်သွားတယ်။

အဲဒီအဖြစ်မျိုးကို မက္ကဆီကို၊ နိုင်ဂျာ၊ ဇင်ဘာဘွေ၊ ကိုလံဘီယာ၊ ဗင်နီဇွဲလား၊ ဟွန်ဒူးရပ်စ်၊ ပါကစ္စတန် စတဲ့ နိုင်ငံ တွေမှာ တွေ့ရှိရတယ်။

အပေါ်က (၃) ချက်ဖြစ်တဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုဆိုတာ အကျင့်ပျက်ခြစားမှုနဲ့ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ ပန်းလို အတူ ယှဉ်တွဲနေတယ်လို့ ကျွန်တော် ဉာဏ်မီပါတယ်။

ဥပမာ - ကျွန်တော်တို့ရဲ့အိမ်နီးချင်း စီးပွားရေး ကျားတစ်ကောင်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာ့အဆင့် အဆင့်- ၂၃ ဖြစ် နေပြီး လက်ဘနွန်၊ ပါလက်စတိုင်း၊ ဘူရွန်ဒီ၊  ဆူဒန် တို့နဲ့ လုံခြုံမှုကင်းမဲ့ခြင်းမှာ မတိမ်းမယိမ်းဖြစ်နေတယ်။ 

အာဏာရှင်အုပ်ချုပ်တယ်ဆိုတဲ့ မြောက်ကိုရီးယား (ကမ္ဘာ့အဆင့် ၂၉) လောက် ဘေးကင်းလုံခြုံမှုမရှိပါ။

ကိုယ့်လူ ကိုယ်နေရာပေးပြီး လာဘ်စားကြတာချင်းအတူတူ အိန္ဒိယကျတော့ ကမ္ဘာအဆင့် ၆၁ နဲ့ ဖြစ်နေရခြင်းဟာ ပွင့်လင်းလွတ်လပ်ခြင်း၊ သိသာမြင်သာလုပ်ကိုင်ဆောင်ရွက်ရခြင်းတို့ကြောင့် ဖြစ်ရလိမ့်မယ်လို့ ကျွန်တော် ဉာဏ်မီ ပါတယ်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လောက်ကိုင်မြို့၌ စစ်ဘေးရှောင်ကား လက်နက်ကြီးကျည်ထိမှန်မှုဖြစ်ပွား

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved