အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းမတိုးနိုင်ရင် စစ်ပွဲပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အီရန်အစိုးရ သတိပေး
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၃
အီရန်နိုင်ငံခြားရေးဝန်ကြီးက ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေး သက်တမ်းမတိုးနိုင်ဘူး ဆိုရင် စစ်ပွဲက ပိုမိုပျံ့နှံ့လာနိုင်ကြောင်း သတိပေးပြောဆိုလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Hossein Amir-Abdollahian က အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးသက်တမ်း ထပ်မံမတိုးနိုင်ဘူးဆိုရင် ဂါဇာဒေသ စစ်ပွဲခြိမ်းခြောက်မှုတွေဟာ ပျံ့နှံ့လာဖွယ်ရှိနေ ကြောင်း ဆိုပါတယ်။
၎င်းက "ဒီနေ့ အပစ်ခတ်ရပ်စဲရင် ဒီနေ့တိုက်ခိုက်မှုတွေ ဆက်ရှိမှာမဟုတ်ဘူး။ စစ်ပွဲနဲ့ပတ်သက်ပြီး အပစ်ခတ်ရပ်စဲ ရေးကို သက်တမ်းမတိုးနိုင်ဘူးဆိုရင် ဒေသအတွင်းအခြေအနေတွေဟာ အရင်အတိုင်းဖြစ်နေမှာပါ" လို့ ပြောပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ စစ်ပွဲနယ်ပယ် ပိုမိုကျယ်ပြန့်လာတာမျိုး မကြိုးပမ်းသင့်ဘူး။ စစ်ပွဲ အရှိန်မြင့်တက်လာမယ်ဆိုရင် စစ်ပွဲနယ်ပယ်က ပိုမိုကျယ်ပြန့်လာဖွယ်ရှိနေပါတယ်" လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်ဆွေးနွေးမှုကြောင့် လေးရက်ကြာ အပစ်ခတ်ရပ်စဲပြီး ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအရ ဟားမက်စ်အဖွဲ့ဟာ ဖမ်းဆီးထားသူ ၂၄ဝ ဦးအနက်မှ အနည်းဆုံး ၅ဝ ပြန်လွှတ်ပေးရမှာဖြစ် သလို အစ္စရေးဘက်က ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းလူမျိုးအနည်းဆုံး ၁၅ဝ ကျော်ကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ပါလက်စတိုင်းပိုင်နက်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုရမှာဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေးဟာ အမြဲတမ်း အပစ်ခတ်ရပ်စဲရေး မျိုးဖြစ်ဖို့ လိုအပ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံသတိပေးခဲ့ပါတယ်။ ပါလက်စတိုင်းလူမျိုးတွေဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးဆုံးဖြတ်ခွင့်ရှိရမှာဖြစ်ပြီး အစ္စရေးရဲ့ဆုံးဖြတ်ချက်ဘာပဲဖြစ်ဖြစ် ထောက်ခံသွားမှာဖြစ် ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) အရ အရေးယူသွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ