မြန်မာ - ထိုင်း နှစ်နိုင်ငံလေတပ်နှစ်ရပ်ကြား နည်းပညာအချက်အလက်ဖလှယ်ရေးကို ဆွေးနွေး
Pearl (NSS) – နိုဝင်ဘာ ၂၃
မြန်မာ - ထိုင်း နှစ်နိုင်ငံလေတပ်နှစ်ရပ်ကြား နည်းပညာအချက်အလက်ဖလှယ်ရေး ဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်လာရောက်သော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်)က နေပြည်တော်သို့ ရောက်ရှိခဲ့ ကြောင်း သိရသည်။
အဆိုပါနေ့ မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် ဦးဆောင်သောအဖွဲ့ နှင့် ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန်အလှန်လည်ပတ်ရေး နှင့် သင်တန်းသားစေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေး၊ သဘာဝဘေး အန္တရာယ်များကြုံတွေ့ချိန် ကူညီကယ်ဆယ်ရေး၊ နည်းပညာအချက်အလက်ဖလှယ်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော်(လေ)မှ အရာရှိကြီးများ၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့် ထိုင်းဘုရင့်လေတပ်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟုအသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ