တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်းနှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဟုအသိပေး
ယွန်း (NSS) - နိုဝင်ဘာ ၂၃
တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး၊ မီးဒုံးများ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း နှင့် ပစ်ဖောက်ခြင်းများ ပြုလုပ်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုဝင်ဘာလ(၂၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်း တန်ဆောင်တိုင်ကာလ၌ ဗြောက်အိုး အပါအဝင် မီးရှူး နှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများအတွက် အစိုးရအဖွဲ့အနေဖြင့် သတိပေးနှိုးဆော်ချက်များကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။
ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း) များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများမှ ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက်အောင် ပြုလုပ်နိုင်ခြင်းကြောင့် ၎င်းပစ္စည်းများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများကိုမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား အပစ်ခတ်ရပ်စဲရေး သက်တမ်းမတိုးနိုင်ရင် စစ်ပွဲပိုမိုကျယ်ပြန့်လာနိုင်ကြောင်း အီရန်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း