အချို့သော ကိုယ်ပိုင်ကျောင်းများ၌ ငွေကြေးကောက်ခံမှု များပြားနေပြီး မှန်မှန်ကန်ကန် လုပ်ဆောင်ရန်လိုကြောင်း နစက ဥက္ကဋ္ဌပြော
ယွန်း (NP News) - မတ် ၈
အချို့သောကိုယ်ပိုင်ကျောင်းများတွင် ငွေကြေးကောက်ခံမှု များပြားနေသည်ကို စိစစ်တွေ့နေရကြောင်း နစကဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ်လ(၇)ရက်တွင် ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့တော်ခန်းမ၌ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရန် နှင့် ကုန်ထုတ်လုပ်မှုများကို အဆင့်မီစွာဆောင်ရွက်နိုင်ရန် လူသားအရင်းအမြစ်များလိုအပ်ပြီး အဆိုပါ လူသားအရင်းအမြစ်များ ကြွယ်ဝစေရန်အတွက် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ပညာရေးသည် နိမ့်ကျလျက်ရှိပြီး ရှမ်းပြည်နယ်တွင်လည်း ပညာရေးလမ်းစဉ်ကူးပြောင်းမှုနှုန်း နည်းပါးနေသည့်အတွက် ပညာရေးမြင့်မားရေးကို ဝိုင်း၍ဆောင်ရွက်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့သည်။
ထို့ပြင် သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအလိုက် လူမှန်နေရာမှန်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ပုဂ္ဂလိက ပညာသင်ကြားရေးတွင်လည်း ပညာသင်ကြားမှုကို နစ်နာမှုမရှိစေရန် ဆောင်ရွက်ရန် လိုကြောင်း ၎င်းကဆက်လက်ပြောကြားထားသည်။
အချို့သော ကိုယ်ပိုင်ကျောင်းများအနေဖြင့် ငွေကြေးကောက်ခံမှုများ များပြားနေသည်ကို စိစစ်တွေ့ရှိရပြီး ပညာသင်ကြားရေးအတွက် မှန်မှန်ကန်ကန် ဖြစ်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့သည်။
ဒေသတစ်ခု ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်ဆောင်ရွက်ပေးရသည်မှာ အစိုးရ၏တာဝန်ဖြစ်ပြီး တစ်ဦးချင်းစီ၏ လုမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သည် တစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုနှင့် သက်ဆိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
zawgyi version
အခ်ိဳ႕ေသာ ကိုယ္ပိုင္ေက်ာင္းမ်ား၌ ေငြေၾကးေကာက္ခံမႈ မ်ားျပားေနၿပီး မွန္မွန္ကန္ကန္ လုပ္ေဆာင္ရန္လိုေၾကာင္း နစက ဥကၠ႒ေျပာ
ယြန္း (NP News) - မတ္ ၈
အခ်ိဳ႕ေသာကိုယ္ပိုင္ေက်ာင္းမ်ားတြင္ ေငြေၾကးေကာက္ခံမႈ မ်ားျပားေနသည္ကို စိစစ္ေတြ႕ေနရေၾကာင္း နစကဥကၠ႒က အသိေပးေျပာဆိုထားသည္။
နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မတ္လ(၇)ရက္တြင္ ရွမ္းျပည္နယ္ရွိ ေတာင္ႀကီးၿမိဳ႕ေတာ္ခန္းမ၌ MSME လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံ့စီးပြားေရးျမႇင့္တင္ႏိုင္ရန္ ႏွင့္ ကုန္ထုတ္လုပ္မႈမ်ားကို အဆင့္မီစြာေဆာင္႐ြက္ႏိုင္ရန္ လူသားအရင္းအျမစ္မ်ားလိုအပ္ၿပီး အဆိုပါ လူသားအရင္းအျမစ္မ်ား ႂကြယ္ဝေစရန္အတြက္ ပညာေရးျမႇင့္တင္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း နစကဥကၠ႒က ဆိုသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၏ ပညာေရးသည္ နိမ့္က်လ်က္ရွိၿပီး ရွမ္းျပည္နယ္တြင္လည္း ပညာေရးလမ္းစဥ္ကူးေျပာင္းမႈႏႈန္း နည္းပါးေနသည့္အတြက္ ပညာေရးျမင့္မားေရးကို ဝိုင္း၍ေဆာင္႐ြက္ရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာဆိုခဲ့သည္။
ထို႔ျပင္ သင္ၾကားတတ္ေျမာက္ထားသည့္ ပညာရပ္မ်ားအလိုက္ လူမွန္ေနရာမွန္ျဖင့္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ပုဂၢလိက ပညာသင္ၾကားေရးတြင္လည္း ပညာသင္ၾကားမႈကို နစ္နာမႈမရွိေစရန္ ေဆာင္႐ြက္ရန္ လိုေၾကာင္း ၎ကဆက္လက္ေျပာၾကားထားသည္။
အခ်ိဳ႕ေသာ ကိုယ္ပိုင္ေက်ာင္းမ်ားအေနျဖင့္ ေငြေၾကးေကာက္ခံမႈမ်ား မ်ားျပားေနသည္ကို စိစစ္ေတြ႕ရွိရၿပီး ပညာသင္ၾကားေရးအတြက္ မွန္မွန္ကန္ကန္ ျဖစ္ေအာင္ေဆာင္႐ြက္ရန္ နစကဥကၠ႒က တိုက္တြန္းေျပာဆိုခဲ့သည္။
ေဒသတစ္ခု ဖြံ႕ၿဖိဳးေရးအတြက္ လိုအပ္ခ်က္ေဆာင္႐ြက္ေပးရသည္မွာ အစိုးရ၏တာဝန္ျဖစ္ၿပီး တစ္ဦးခ်င္းစီ၏ လုမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္သည္ တစ္ဦးခ်င္း၏ ႀကိဳးစားအားထုတ္မႈႏွင့္ သက္ဆိုင္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းဒေသများတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ (၉)သိန်းကျော်ရှိနေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း