မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းဒေသများတွင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ (၉)သိန်းကျော်ရှိနေ
ယွန်း (NP News) - မတ် ၈
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်း ဒေသများတွင် (၂)နှစ်ကြာကာလအတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ(၉)သိန်းကျော်ရှိနေပြီဖြစ်ကြောင်း UNOCHA Myanmar မှ ထုတ်ပြန်ထားသည်။
UNOCHA Myanmar မှ ယနေ့(မတ်လ ၈ ရက်) နေ့လည်ပိုင်းတွင် အထက်ပါကဲ့သို့ အသိပေး ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာတိမ်းရှောင်သူဦးရေသည် မြင့်တက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UNOCHA Myanmar ၏ အစီရင်ခံစဥ်ကာလအတွင်း မြန်မာနိုင်ငံ၏ အနောက်မြောက်ပိုင်းနှင့် အရှေ့ တောင်ပိုင်းဒေသများတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး နေရပ်စွန့်ခွာသူနှင့် အရပ်သားပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများအပါအဝင် သွားလာရေးနှင့် ကုန်ပစ္စည်း သယ်ယူပို့ ဆောင်ရေးအခက်အခဲများ ပို၍ဖြစ်ပေါ်နေကြောင်း ဆိုထားသည်။
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်အထိ ကုလသမဂ္ဂ၏ နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတွင် ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးရသူပေါင်း (၁ ဒသမ ၆)သန်းကျော် အထိရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါ နေရပ်စွန့်ခွာထွက်ပြေးရသူများအနက်မှ (၁ ဒသမ ၃)သန်းကျော်သည် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင်ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့်ဖြစ်ကြောင်း သိရသည်။
၎င်းတို့အနက်မှ အများဆုံးထွက်ပြေးတိမ်းရှောင်ရသူများသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ပိုင်းရှိ ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့မှဖြစ်ပြီး (၂)နှစ်အတွင်း နေရပ်စွန့်ခွာထွက်ပြေးသူစုစုပေါင်း (၉၁၅ဝဝဝ)ဦးရှိကြောင်း UNOCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
zawgyi version
ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဘက္ပိုင္းေဒသမ်ားတြင္ ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူ (၉)သိန္းေက်ာ္ရွိေန
ယြန္း (NP News) - မတ္ ၈
ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဘက္ပိုင္း ေဒသမ်ားတြင္ (၂)ႏွစ္ၾကာကာလအတြင္း ပဋိပကၡမ်ားေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးသူဦးေရ(၉)သိန္းေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း UNOCHA Myanmar မွ ထုတ္ျပန္ထားသည္။
UNOCHA Myanmar မွ ယေန႔(မတ္လ ၈ ရက္) ေန႔လည္ပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပး ထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံတစ္ဝန္းတြင္ ဆက္လက္ျဖစ္ပြားေနေသာ ပဋိပကၡမ်ားေၾကာင့္ အိုးအိမ္စြန႔္ခြာတိမ္းေရွာင္သူဦးေရသည္ ျမင့္တက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
UNOCHA Myanmar ၏ အစီရင္ခံစဥ္ကာလအတြင္း ျမန္မာႏိုင္ငံ၏ အေနာက္ေျမာက္ပိုင္းႏွင့္ အေရွ႕ ေတာင္ပိုင္းေဒသမ်ားတြင္ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး ေနရပ္စြန႔္ခြာသူႏွင့္ အရပ္သားပိုင္ပစၥည္းမ်ား ပ်က္စီး ဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ လူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ားအပါအဝင္ သြားလာေရးႏွင့္ ကုန္ပစၥည္း သယ္ယူပို႔ ေဆာင္ေရးအခက္အခဲမ်ား ပို၍ျဖစ္ေပၚေနေၾကာင္း ဆိုထားသည္။
၂ဝ၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၇)ရက္အထိ ကုလသမဂၢ၏ ေနာက္ဆုံးကိန္းဂဏန္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ျပည္တြင္းေနရပ္ စြန႔္ခြာထြက္ေျပးရသူေပါင္း (၁ ဒသမ ၆)သန္းေက်ာ္ အထိရွိေနၿပီျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
အဆိုပါ ေနရပ္စြန႔္ခြာထြက္ေျပးရသူမ်ားအနက္မွ (၁ ဒသမ ၃)သန္းေက်ာ္သည္ ၂ဝ၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ မွစတင္ျဖစ္ေပၚလာသည့္ ပဋိပကၡမ်ားႏွင့္ မလုံၿခဳံမႈမ်ားေၾကာင့္ျဖစ္ေၾကာင္း သိရသည္။
၎တို႔အနက္မွ အမ်ားဆုံးထြက္ေျပးတိမ္းေရွာင္ရသူမ်ားသည္ ျမန္မာႏိုင္ငံ အေနာက္ေျမာက္ဘက္ပိုင္းရွိ ေဒသမ်ားျဖစ္သည့္ စစ္ကိုင္း၊ မေကြးႏွင့္ ခ်င္းတို႔မွျဖစ္ၿပီး (၂)ႏွစ္အတြင္း ေနရပ္စြန႔္ခြာထြက္ေျပးသူစုစုေပါင္း (၉၁၅ဝဝဝ)ဦးရွိေၾကာင္း UNOCHA Myanmar ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွေးကောက်ပွဲသည် နစကအစိုးရ၏ ထွက်ပေါက်မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူအားလုံး၏ ထွက်ပေါက်သာဖြစ်ကြောင်း ကျားဖြူပါတီပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း