မှော်ဘီမြို့နယ်၌ YBS(123) mini bus ပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး
စော(NSS) - နိုဝင်ဘာ ၂၂
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၌ YBS (123) mini bus ပေါ်မှ အသက်(၅၀)နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးသည် ယမန်နေ့(နိုဝင်ဘာလ ၂၁ ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် မှော်ဘီမြို့နယ်၊ ကိုးလုံးကွင်း မီးစက်မှတ်တိုင်တွင် အထက်ပါကဲ့သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ချစ်သောမှော်ဘီမြေ လူမှုကူညီရေးအသင်းထံမှ သိရသည်။
၎င်းအမျိုးသမီးကြီးသည် အခင်းဖြစ်ပွားရာနေရာတွင် ကားပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး ပြုတ်ကျရသည့် အကြောင်းအရင်းကို မသိရှိရကြောင်း အထက်ပါအသင်းမှပြောသည်။
၎င်းအမျိုးသမီးအား မြောက်ဥက္ကလာပရှိ မေဓါဝီဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“မိသားစုဝင်နဲ့တွေ့တဲ့အကြောင်းတွေကို page မှာ အကုန်တင်ထားပြီးသားပါ။ အားလုံးမှန်ပါတယ်။ အားလုံးပြည်စုံပါတယ်။ ရပ်မိရပ်ဖတွေရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော၊ သက်ဆိုင်ရာယာဉ်မှူးစစ်တွေရောဆောင်ရွက်တာ အကုန်ပြီးသွားပါပြီ။ သူတို့က ဧည်သည့်တွေပါ။ ဒီမှာနေတာမဟုတ်ပါဘူး။ အသက်က (၅၀)ဝန်းကျင်ပါ”ဟု ချစ်သောမှော်ဘီမြေလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါအမျိုးသမီးကြီးထံတွင် နီညိုရောင် လက်ကိုင်အိတ်တစ်လုံးပါရှိပြီး ယင်းအိတ်အတွင်း၌ ငွေသားအချို့ပါရှိနေကြာင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင် (၂)ခုအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း