ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင် (၂)ခုအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Pearl (NSS) - နိုဝင်ဘာ ၂၂
ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်တာဝါတိုင် (၂)ခုအား အကြမ်းဖက်အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်၊ နံနက်(၇)နာရီခွဲတွင် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဆုံကုန်းကျေးရွာမြောက်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမာနက်ဓာတ်အားခွဲရုံ နှင့် သာယာကုန်းဓာတ်အားခွဲရုံတို့အား သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလိုင်းမှ လျှပ်စစ်တာဝါတိုင်များအနက် ဆုံကုန်းကျေးရွာမြောက်ဘက်ရှိ လယ်ကွင်းအတွင်းစိုက်ထူထားသည့် တာဝါတိုင်အမှတ်(၄၄) နှင့် (၄၅) တို့အား PDF အဖွဲ့ဝင်များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖောက်ခွဲဖျက်ဆီးမှုကြောင့် အဆိုပါလျှပ်စစ်တာဝါတိုင် (၂)ခုသည် ပြိုလဲပျက်စီးသွားခဲ့ပြီး (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၃၀၀ ခန့်) ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထိုသို့ ပျက်စီးဆုံးရှုံးခဲ့သည့် လျှပ်စစ်တာဝါတိုင်များအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်လျက်ရှိပြီး ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့အချိန်ထိ အကြမ်းဖက်သမားများမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်းသည် (၂၃၀) ကြိမ်ထက်မနည်းရှိပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယနိုင်ငံရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုတွင် ပိတ်မိနေသော အလုပ်သမားများ၏ ပထမဆုံးဓါတ်ပုံ ထွက်ပေါ်လာ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း