အိန္ဒိယနိုင်ငံရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုတွင် ပိတ်မိနေသော အလုပ်သမားများ၏ ပထမဆုံးဓါတ်ပုံ ထွက်ပေါ်လာ
Pika (NSS) - နိုဝင်ဘာ ၂၂
အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းရှိ အဝေးပြေးလမ်းမအောက်ရှိ ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း (၉)ရက်ကြာ ပိတ်မိနေသော အလုပ်သမား(၄၁)ဦး၏ ပထမဆုံးဓါတ်ပုံများသည် နိုဝင်ဘာလ(၂၁)ရက်တွင် ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
အဆိုပါဓါတ်ပုံထဲတွင် ပိတ်မိနေသူများသည် ကျဉ်းမြောင်းသောနေရာတစ်ခုတွင် ရပ်နေကော ကယ်ဆယ်ရေးသမား များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါအလုပ်သမားများသည် နိုဝင်ဘာလ (၁၂) ရက်ကတည်းက (၄ ဒသမ ၅) ကီလိုမီတာရှည်သော ဥမင်လှိုဏ်ခေါင်းအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း အာဏာပိုင်များသည် ဘာကြောင့်နောက်ထပ်ပြိုကျမှုများဖြစ်ပွားနိုင်သည်ဆိုသည့်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိသော်လည်း အဆိုပါဒေသမှာ မြေပြိုခြင်း၊ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းတို့ ဖြစ်ပွား နိုင်သော ဒေသတစ်ခုဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများသည် အဆိုပါအလုပ်သမား (၄၁) ဦးကို ကယ်ဆယ်ရန်အတွက် တူးဖော်ခြင်းများကို လုပ်ဆောင်ခဲ့သော်လည်း နောက်ထပ်ပြိုကျမှုများ ရှိလာ မည်ကို စိုးရိမ်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အာဏာပိုင်များက ထုတ်ပြန်ထားသော စက္ကန့်(၃ဝ) ရှိသည့် ဗီဒီယိုဖိုင်ထဲတွင် ပိတ်မိနေသော အလုပ်သမားများသည် ဦးထုပ်နှင့် ဆောက်လုပ်ရေးအလုပ်သမား အင်္ကျီတို့ကို ဝတ်ဆင်ထားကာ ကင်မရာရှေ့တွင် ရပ်နေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါဗီဒီယိုဖိုင်ကို အပျက်အစီးများအား ထိုးဖောက်ကာတူးဖော်ထားသည့် အချင်း(၆)လက်မရှိသော ပိုက်လိုင်းမှ တစ်ဆင့် medical endoscopy camera ဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ အဆိုပါဗီဒီယိုဖိုင်တွင် ပိတ်မိနေသော အလုပ်သမားများသည် ၎င်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး မေးမြန်းမှုများကို အဆင်ပြေပြေဖြေကြားခဲ့ကြောင်း ကယ်ဆယ်ရေးထိန်းချုပ်ခန်းမှ အရာရှိတစ်ဦးက ပြောကြားခဲ့ သည်။
ထို့နောက် နိုဝင်ဘာလ(၂၁)ရက်တွင် ကယ်ဆယ်ရေးသမားများသည် ပိတ်မိနေသောလူများ ထွက်လာနိုင်ရန် အတွက် လုံလောက်သောအရွယ်အစားရှိသည့် ပိုက်လိုင်းတစ်ခုကို အပျက်အစီးများထဲသို့ ထိုးထည့်နိုင်ရန်အတွက် မီတာ(၆ဝ)ခန့်ရှိသော အပျက်အစီးများကို အလျားလိုက်တူးဖော်ခြင်းများပြန်လုပ်ဆောင်ရန် စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်အစိုးရက ကော့ကေးဆပ်ဒေသတွင် စစ်ပွဲအသစ်ဖြစ်ပွားလာအောင် လှုံ့ဆော်ပေးနေကြောင်း အဇာဘိုင်ဂျန်သမ္မတ စွပ်စွဲပြောဆို
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း