အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာဒေသစစ်ပွဲကို ဖြေရှင်းနိုင်အောင် အမေရိကန်အစိုးရရဲ့တစ်ဖက်သတ်ကြိုးပမ်းမှုများ မအောင်မြင်ဟု ရုရှားသမ္မတပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
ဂါဇာဒေသစစ်ပွဲကိုဖြေရှင်းနိုင်ဖို့ အမေရိကန်အစိုးရရဲ့ တစ်ဖတ်သတ်ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရခဲ့ကြောင်း၊ အမေရိကန်အစိုးရရဲ့တစ်ဖတ်သတ်ကြိုးပမ်းမှုတွေက အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုဖြစ်လာအောင် တွန်းအား ပေးသလိုမျိုးဖြစ်ခဲ့ကြောင်း ရုရှားသမ္မတက ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းတို့ရဲ့ကံကြမ္မာကို အမေရိကန်နိုင်ငံက တစ်ဖက်သတ်ဆုံးဖြတ်ခဲ့တဲ့အတွက် လူပေါင်း ထောင်ချီ သေဆုံးစေခဲ့တဲ့ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်လာခဲ့ခြင်းမျိုးဖြစ်ကြောင်း ရုရှားသမ္မတက ထောက်ပြပြောဆိုခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခကိုဖြေရှင်းဖို့ကြိုးပမ်းရာမှာ အခြားအရှေ့အလယ်ပိုင်းဒေသအတွင်းနိုင်ငံများကို ခေါ်ယူဆွေးနွေးမျိုးမရှိခဲ့ကြောင်း အစ္စရေးနဲ့ ပါလက်စတိုင်း ကြားပဋိပက္ခကို အခြားနိုင်ငံတကာအဖွဲ့စည်းများ ကြားဝင်ဆောင်ရွက်မှုတွေကိုလည်း အမေရိကန်အစိုးရက ပိတ်ပင်တားဆီးခဲ့ကြောင်း သမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့ ကြိုပမ်းတဲ့သမိုင်း မှတ်တမ်းတွေ မှာ ပါလက်စတိုင်းတွေကို ဖိနှိပ်တာမျိုးရှိနေတဲ့ဆုံးဖြတ်ချက်တွေကို အဓိကထားခဲ့ကြောင်း၊ ယင်းလုပ်ရပ်က တုံ့ပြန်မှုများ ပြန်ဖြစ်အောင်တွန်းအားပေးခဲ့ကြောင်း ရုရှားသမ္မတက ပြောပါတယ်။
လက်ရှိအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲဖို့၊ စစ်ပွဲအရှိန်လျော့ချဖို့ စုစည်းညီညွတ်စွာနဲ့ ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ဒေသအတွင်းနိုင်ငံများအပြင် BRICS အဖွဲ့ဝင်နိုင်ငံများအနေနဲ့လည်း အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲနိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာဖို့ အဓိကအခန်းကဏ္ဍက ပါဝင်ရမှာဖြစ်ကြောင်း ရုရှားသမ္မက ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းပဋိပက္ခကိုဖြေရှင်းရာမှာ ၂ နိုင်ငံမူဝါဒကို လက်ခံပေးရမျာဖြစ်တယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ