ရုရှားနိုင်ငံရဲ့ကူညီပေးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့သုံးကြိမ်မြောက် စပိုင်ဂြိုလ်တုလွှတ်တင်မှု အောင်မြင်
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၂
မြောက်ကိုရီးယားနိုင်ငံဟာ နိုဝင်ဘာ ၂၂ ရက်မှာ စစ်ဘက်သုံး စပိုင်ဂြိုလ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ်အတွင်းမှာ စစ်ဘက်သုံးစပိုင် ဂြိုလ်တုလွှတ်တင်ဖို့ နှစ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပေမယ့် သုံးကြိမ်မြောက်မှာတော့ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံတွေကတော့ မြောက်ကိုရီးယားရဲ့လုပ်ရပ်က ကုလသမဂ္ဂရဲ့ပိတ်ဆို့မှုတွေကို ချိုးဖောက်တာမျိုး ဖြစ်ကြောင်း ဝေဖန်ထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာဖြစ်တဲ့ KCNA က ‘Malligyong-1’ အမည်ရှိ စစ်ဘက်သုံးဂြိုလ်တုကို ကမ္ဘာပတ် လမ်းထဲကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကမ္ဘာပတ်လမ်းထဲကို စပိုင် ဂြိုလ်တုလွှတ်တင်ချိန်မှာ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ရဲ့ပုံစံဟာ ပြုံးနေခဲ့ပြီး သူရဲ့ဘေးနားမှာ အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားတဲ့ အင်ဂျင်နီယာတွေနဲ့ သိပ္ပံပညာရှင်တွေဟာ လက်ခုပ်လက်ဝါးတီးကာ ပျော်ရွှင်နေခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရက မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေဟာ ဒေသအတွင်းတင်းမာမှုတွေကို ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေ ကြောင်း သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကုသလမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း မြောက်ကိုရီးယားရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်ထားပါတယ်။ မြောက်ကိုရီးယားဟာ မေလနဲ့ သြဂုတ်လအတွင်းမှာ ကမ္ဘာပတ်လမ်းထဲကို စပိုင် ဂြိုလ်တုလွှတ်တင်မှု လုပ်ဆောင်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားထောက်လှမ်းရေးအဖွဲ့က မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားနိုင်ငံထံက နည်းပညာအကူအညီတွေ ရရှိခဲ့ကြောင်း၊ အပြန်အလှန်အနေနဲ့ မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့အတွက် စစ်လက်နက် ပစ္စည်းတွေ တင်ဆောင်ထားတဲ့သင်္ဘော ၁ဝ စီးကို ရုရှားနိုင်ငံသို့ စေလွှတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၁၀၅)မိုင် မိဘမဲ့ဘုန်းကြီးကျောင်းအတွင်းသို့ TNLA က ပစ်ခတ်သော Drop ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ